မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းပွဲ ဗဟိုအလုပ်အမှုဆောင် ဦးသန်းဌေး တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမျက်နှာ စုံညီအစည်းအဝေးနှင့်ပါတီပြန်လည် ပြင်ဆင် ရွေးချယ်ဖွဲ့စည်းခြင်းအခမ်း အနားကို ဇွန်လ (၂၇) ရက် မြန်အောင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင်ဦးသန်းဌေး၊ တိုင်းပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်၊ တိုင်းဒေသကြီး ပါတီကော် မတီဝင် ဦးခင်မောင်ရီတို့နှင့်အတူ မြန်အောင်မြို့နယ်အတွင်း ရပ်ကွက် ကျေးရွာ အုပ်စုများမှ ပါတီကိုယ် စားလှယ်များ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ အပါအဝင် ၁၇၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးကိုအပိုင်းနှစ်ပိုင်း ဖြင့် ကျင်းပခဲ့ရာ ပထမပိုင်းတွင် မြို့နယ်ပါတီကော်မတီလုပ်ငန်းစဉ် များ ဆောင်ရွက်ချက်အစီရင်ခံစာ တင်ပြခြင်း၊ အစုအဖွဲ့စာတမ်းများ တင်ပြခြင်း၊ အပြန်အလှန်ရှင်းလင်း ဆွေးနွေးခြင်းများပြုလုပ်ခဲ့သည်ကို သိရသည်။

ပါတီ၏ အခြေခံစည်းမျဉ်း အခန်း(၄) ပါတီအဖွဲ့အစည်းအဆင့် ဆင့် ဖွဲ့စည်းတည်ဆောက်မှု ရည် ရွယ်ချက်အပိုဒ်(၅၁)အရမြန်အောင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်း အဝေးနှင့် ပါတီပြန်လည်ရွေးချယ် ဖွဲ့စည်းပွဲအခမ်းအနားတွင် မြို့နယ် ပါတီကော်မတီဝင် အရန်မြို့နယ် ပါတီကော်မတီဝင်လောင်းများ၊ ရပ် ကွက်ကျေးရွာအုပ်စုပါတီ အဖွဲ့များ မှ ပထမခေါင်းဆောင် ဒုတိယ ခေါင်းဆောင်နှစ်ဦးစီသည် မျက်နှာ စုံညီအစည်းအဝေးတွင် ကိုယ်စား လှယ်များအဖြစ် တက်ရောက်ခဲ့ ကြောင်း သိရသည်။

ဒုတိယပိုင်းတွင် မြို့နယ်ပါတီ ကော်မတီဝင်ဟောင်း နုတ်ထွက် ခြင်း၊ ကော်မတီဝင်အသစ်များ၊အရန် မြို့နယ်ကော်မတီဝင် အသစ်များ အမည်စာရင်း တင်သွင်းအတည်ပြု ခြင်း၊မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အတွင်း ရေးမှူး၊ ဘဏ္ဍာရေးမှူး အမည် စာရင်း အတည်ပြုကြေညာခြင်း၊ ခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေး သို့တက်ရောက်မည့်ကိုယ်စားလှယ် များ ရွေးချယ်အတည်ပြုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှမြင့်ထွန်း(မြန်အောင်)

Photo – Ko Zaw fb


Leave a Reply