အီးယူမှ ဗြိတိန်ထွက်မှု ဂျပန်နှင့် အမေရိကန် ၀န်ကြီးများ ဆွေးနွေး

b-jpbrexit-b-20160628-870x481

ဥရောပသမဂ္ဂ အီးယူကနေ နုတ်ထွက်ဖို့ ယူနိုက်တက်ကင်းဒမ်းရဲ့ ဆုံးဖြတ်ချက်ကြောင့် စီးပွားရေးနဲ့ လုံခြုံရေးပေါ် ဆိုးဝါးတဲ့သက်ရောက်မှုတွေကို ရပ်တန့်အောင် ပူးတွဲလုပ်ဆောင်ကြဖို့ ဂျပန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုမှ အဆင့်မြင့် တာဝန်ရှိသူတွေ သဘောတူညီခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ရှင်ဆုကဲ့ဆူဂျီယာမနဲ့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကင်တို့ ၀ါရှင်တန်မြို့မှာ တနင်္လာနေ့က တွေ့ဆုံရာမှာ သဘောတူညီခဲ့တာကို ဂျပန်နိုင်ငံထုတ် သတင်းတွေက ဖော်ပြပါ တယ်။

ယူနိုက်တက်ကင်းဒမ်းနိုင်ငံဟာ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အရေးကြီး နိုင်ငံတခုဖြစ်တဲ့အပေါ် အမြင်ချင်းဖလှယ်ခဲ့တယ်လို့ တွေ့ဆုံပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ရှင်ဆုကဲ့ဆူဂျီယာမက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်း၂ ပတ်အကြာက မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည် ၂ စင်းပစ်လွှတ်မှုဟာ အာရှပစိဖိတ်ဒေသရဲ့ လုံခြုံရေးအခြေအနေကို ပိုမိုတင်းမာလာစေ ကြောင်းလည်း သူက ပြောပါ တယ်။ သူတို့နှစ်ဦးစလုံးက ဂျပန်၊ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံတို့အကြား အားကောင်းမောင်းသန်း ပူးပေါင်း ဆောင်ရွက်မှုဟာ အရေးကြီးတယ်ဆိုတာကို သဘောတူကြ တယ်လို့ ပြောပါတယ်။

ဒီသီတင်းပတ်ကုန်မှာ ဆူဂျီရာမဟာ လန်ဒန်နဲ့ အီးယူဌာနချုပ်တည်ရှိရာဘရပ်ဆဲမြို့တွေကို သွားရောက်ပြီး အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

အမေရိကန်နဲ့ ဂျပန်က ဒုနိုင်ငံခြားရေးဝန်ကြီးနှစ်ဦးရဲ့ ၀ါရှင်တန်မှာ တွေ့ဆုံတဲ့ တရက်တည်းမှာပဲ ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ဖူမီအို ကီရှီဒါဟာ ဂျပန်နိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Tim Hitchens ကို တိုကျိုမှာ တွေ့ဆုံပြီး ယူကေမှာရှိတဲ့ ဂျပန်ကုမ္ပဏီတစ်ထောင်ကျော်ကို ပုံမှန်စီးပွားရေး ဆက်လက်လုပ်ခွင့်ပေးရေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဗြိတိသျှသံအမတ်ကလည်း ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့လို အရေးကြီးတဲ့မိတ်ဖက်တွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းမယ်။ လာမယ့် ဇွန် ၂၉ ရက် နေ့ကျရင် ဗြိတိန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဂျပန်ကုမ္ပဏီတွေ အတွက် တိုကျိုမြို့က ဗြိတိသျှသံရုံးမှာ ဆွေးနွေးပွဲလက်ခံ ကျင်းပမယ်လို့ ပြောပါတယ်။

(DVB)


Leave a Reply