မိုးညှင်းပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးများ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မျက်နှာစုံညီအကြိုညှိနှိုင်း အစည်းအဝေးကို ဇွန်လ (၂၇) ရက် နေ့လည် (၁) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ခရိုင်တာဝန်ခံ ဦးကျော်စိုးလေး၊ ခရိုင်ပါတီအတွင်းရေးမှူး၊ မြို့နယ်ပါတီအတွင်းရေးမှူးနှင့် ခရိုင်နှင့် မြို့နယ် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

မိုးညှင်းမြို့နယ် မျက်နှာစုံညီအစည်းအဝေးကို (၁၆-၇-၂၀၁၆) (စနေနေ့) နေ့လည် (၁) နာရီတွင် ပြည်ခိုင်ဖြိုးရိပ်သာ၊ အောင်သပြေရိပ်သာ၌ လည်းကောင်း၊ ခရိုင်အဆင့် မျက်နှာစုံညီအစည်းအဝေးကို (၃၀.၇.၂၀၁၆) (စနေနေ့) နေ့လည် (၁) နာရီတွင်လည်းကောင်း ကျင်းပမည်ဖြစ်ပြီး အခမ်း အနား ပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုနေရာချ ထားရေးတာဝန်များ ခွဲဝေခဲ့ပြီး၊ ရပ်/ကျေး (ပ)(ဒု)စည်းမှူးများ၊ လူငယ်များကို ဖိတ်စာနှင့်တကွ လေးစားစွာ ဖိတ်ကြားသွားမည်ဖြစ်ကြောင်းသတင်း ရရှိသည်။

Credit – Htaywin Htaywin


Leave a Reply