ချမ်းမြသာစည်မြို့နယ် ပါတီမျက်နှာစုံညီစည်းဝေး

ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမျက်နှာစုံညီ အစည်းအဝေးကို တိုင်းဒေသကြီး ပါတီရုံးအစည်း အဝေးခန်းမတွင် ယခုလ ၂၄ ရက် မွန်းလွဲ ၁ နာရီကကျင်းပရာ ပြည်ခိုင်ဖြိုးပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးရဲမြင့်တက်ရောက်ခဲ့သည်။

အစည်းအဝေးသို့ ပါတီဗဟို အလုပ်အမှုဆောင်၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးရဲမြင့်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် များ၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပြန်လည်ပြင်ဆင် ရွေးချယ်ရေး ကော်မတီဝင်များ၊ လေ့လာသူ မြို့နယ်ပါတီ အတွင်းရေးမှူးများ နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသည့် ကိုယ်စားလှယ်များနှင့်ဖိတ် ကြားထားသောဧည့်သည်တော်များ အပါအဝင် စုစုပေါင်းအင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လက်ရှိမြို့ နယ်ပါတီကော်မတီဝင်များက နုတ်ထွက်ကာ မြို့နယ်ပြန်လည် ပြင်ဆင် ရွေးချယ်ရေးကော်မတီမှ မြို့ နယ်ဖွဲ့စည်းရေးဆိုင်ရာလုပ်ငန်းစဉ် များနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးသည်။ မြို့နယ် ပါတီဝင်အသစ်များနှင့် အရန်မြို့ နယ် ပါတီကော်မတီဝင်အသစ်များ၏ အမည်စာရင်းတင်သွင်းခြင်း၊ အတည်ပြုခြင်း၊ ကြေညာခြင်းများ ကိုဆောင်ရွက်ခဲ့ပြီးနောက်ရွေးချယ် ခံခဲ့ရသည့်မြို့နယ်ကော်မတီဝင် ၁၅ ဦးအနက်မှ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး တို့အား ရွေးကောက်တင်မြှောက် ခဲ့ပြီး ရွေးကောက်တင်မြှောက်ခံရ သည့် မြို့နယ်ကော်မတီဝင်များနှင့် အရန်မြို့နယ် ကော်မတီဝင်များသည် သဘာပတိ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုကာ တာဝန်များ အသီးသီးပေးအပ်ခဲ့သည်။

သုတ


Leave a Reply