Viber Out ခေါ်ဆိုရန် Red Dot တွင် ငွေဖြည့်သွင်းနိုင်

Viber မှတစ်ဆင့် အွန်လိုင်းပေါ်တွင် Viber အသုံးပြုနေခြင်းမရှိသော နိုင်ငံပေါင်းစုံမှ ကြိုးဖုန်းနှင့် မိုဘိုင်းဖုန်းများကို ဆက်သွယ်ခေါ်ဆိုရန် Red Dot တွင် ဘီလ်ဖြည့်သွင်းနိုင်ကြောင်း သိရသည်။

New Picture (1)

Red Dot အရောင်းဆိုင်များတွင် Viber Out အသုံးပြုရန်အတွက် ဘီလ်ဖြည့်သွင်းခြင်းကို တစ်ထောင်ကျပ်၊ သုံး ထောင်ကျပ်၊ ငါးထောင်ကျပ်၊ တစ်သောင်းကျပ် ဟူ၍ ဖြည့်သွင်းနိုင်ကြောင်း သိရသည်။

Viber Out ဖြင့် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုပါက အမေရိကန်သို့ တစ်မိနစ်လျှင် ၂၂ ကျပ်ဝန်းကျင်၊ တရုတ်သို့ ၁၅ ကျပ်ဝန်းကျင်၊ ဂျပန်သို့ ၃၅ ကျပ်ဝန်းကျင်၊ စင်ကာပူသို့ ၂၂ ကျပ်ဝန်းကျင်၊ အင်္ဂလန်သို့ ၂၂ ကျပ်ဝန်းကျင်၊ မလေးရှားသို့ ၂၄ ကျပ်ဝန်းကျင် ကျသင့်မည်ဟု Red Dot က ကြေညာထားသည်။

Viber Out သည် ပုံမှန်အားဖြင့် ဘီလ်ဖြည့်သွင်းထားခြင်းမရှိပါက ပုံမှန်ဆက်သွယ်ခေါ်ဆိုမှုအတိုင်း ပြုလုပ် ဆောင် ရွက်ပေးသော်လည်း ဘီလ်ဖြည့်သွင်းအသုံးပြုပါက အင်တာနက်ပေါ်မှတစ်ဆင့် နိုင်ငံတကာသို့ ဈေးနှုန်းသက်သာ စွာဖြင့် ဖုန်းခေါ်မှုများကို ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ Viber သည် Telenor နှင့် ပူးပေါင်း၍ Viber အတွက် အင်တာနက်အသုံးပြုသည့် အထူး အစီအစဉ်ကို စီစဉ်ဆောင်ရွက်ထားပြီး Viber Data Chat အတွက် 150MB ကို ၁၄၉ ကျပ်ဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။


Leave a Reply