ရခိုင်ပြည်နယ်တွင် ပြည်ခိုင်ဖြိုးပါတီကော်မတီ အဆင့်ဆင့်ကိုပြီးစီးအောင် ပြန်လည်ဖွဲ့စည်းမည်

ယမန်နှစ်ကကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင် ပြည်နယ်ရှိ မဲဆန္ဒနယ်အနည်းစုတွင်သာအနိုင်ရရှိခဲ့သည့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ကော်မတီများကိုအဆင့် ဆင့်ပြန်လည်ဖွဲ့စည်းလျက်ရှိပြီး သြဂုတ်လတွင် ပြီးစီးမည်ဖြစ် ကြောင်း သိရသည်။

အသစ်ပြန်လည်ဖွဲ့စည်းမည့် ကော်မတီများအတွက် ကော်မတီ ဝင်များကိုရွေးချယ်ရာတွင် သင့်လျော်မည့် လူပုဂ္ဂိုလ်များကို အဆို ပြုပြီး ကော်မတီဝင်ရွေးချယ်ရေးအဖွဲ့က မဲစနစ်ဖြင့်ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ စာရင်းများအရ ရခိုင်ပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင်ဦးရေမှာ တစ်သိန်းခုနစ်သောင်းကျော်ရှိပြီး ပါတီဝင်များကို လည်း ပြန်လည်စိစစ်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
၂ဝ၁ဝ ရွေးကောက်ပွဲအပြီးတွင် ပြည်ခိုင်ဖြိုးပါတီသည် ရခိုင် ပြည်နယ်အတွင်း မဲဆန္ဒနယ် ၂၈ နေရာအထိအနိုင်ရရှိခဲ့ပြီး ရခိုင် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်နိုင်ခဲ့သော်လည်း ၂ဝ၁၅ ရွေး ကောက်ပွဲတွင် မဲဆန္ဒနယ်ငါးနေရာ၌သာ အနိုင်ရရှိခဲ့သည်။
Rakhine News Agency


Leave a Reply