ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ရေဦးမြို့နယ် ပါတီမျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်သည် ယခုလ (၂၃) ရက် နံနက် (၈) နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦး မြို့နယ် တွင်ကျင်းပသည့် ရေဦးမြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်၍ လမ်းညွှန် အမှာစကားပြောကြားသည်။

13557730_612183075617874_255343066478467227_n

ရှေးဦးစွာ ရေဦးမြို့နယ်ပါတီ မျက်နှာစုံညီအကြိုညှိနှိုင်းအစည်းအဝေးတွင် စစ်ကိုင်းတိုင်း ဒေသကြီးပါတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ကော်မတီဝင် ဦးအောင်ကျော်ဦးက ရွေးချယ် မှုလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားပြီး ရေဦးမြို့ နယ်ပါတီအတွက် မြို့နယ်အလုပ် အမှုဆောင် ကော်မတီဝင်အသစ် (၁၅) ဦးစီနှင့် အရန်မြို့နယ် ပါတီအလုပ်အမှုဆောင် ကော်မတီဝင်အသစ် (၁၅) ဦးစီ စုစုပေါင်း ကော်မတီဝင် (၃ဝ) တို့ကို စိစစ်ရွေးချယ်ခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် စိစစ်ရွေးချယ်ကြသည်။

ယင်းနောက် ရေဦးမြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပပြီး မြို့နယ် ပါတီ အလုပ်အမှုဆောင်ကော်မတီဝင် အသစ် (၁၅) ဦးတို့အား အမည်စာရင်း ကြေညာခြင်း၊ ကတိသစ္စာပြုခြင်း၊ ပါတီတာဝန်များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပြီး ပြည်ခိုင်ဖြိုးပါတီ၏ ဦးတည်ချက်၊ ရည်မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးချက်စာတမ်း ငါးစောင်ကို မြို့နယ်အလုပ် အမှုဆောင်ကော်မတီဝင်အသစ်များက ဖတ်ကြားတင်သွင်းကြ၍ မွန်းလွဲ (၂)နာရီတွင်’ပြည်ခိုင်ဖြိုးပါတီအောင် ရမည်’ ဟူသော ကြွေးကြော်သံများဖြင့် ကြွေးကြော်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပါတီ ဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့်နှင့် အဖွဲ့သည် ရွေးချယ်ပြီးသော ရေဦး မြို့နယ်ပါတီ အလုပ်အမှုဆောင် ကော်မတီဝင် (၁၅) ဦးနှင့် အရန်မြို့နယ်ပါတီ အလုပ်အမှု ဆောင်ကော်မတီဝင်(၁၅) ဦးတို့နှင့် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခြင်း၊ ပါတီဒုတိယ ဥက္ကဋ္ဌက သြဝါဒလမ်းညွှန်စကား များပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးဇေယျာ


Leave a Reply