ရသေ့တောင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၅) ရက် နေ့လည် (၁၂) နာရီ (၃၀) မိနစ်အချိန်တွင် မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာစန်းရွှေမှ အဖွင့် အမှာစကားပြောကြားခဲ့သည်။

13529059_399492436892556_2634280545758112294_n

ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝေကျန်အောင်မှ မြို့နယ်အစီရင်ခံစာအား ဖတ်ကြားတင်သွင်းပြီး ဘဏ္ဍာရေးမှူး ဦးမောင်အေးသိန်းမှ မြို့နယ်စာတမ်း များဖတ်ကြားခဲ့ကာ ပြည်နယ်တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေမှ မျက်နှာ စုံညီအစည်းအဝေးကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပါတီကော်မတီဝင်များမှ နှုတ်ထွက်ခဲ့ပြီး ပြန်လည်အရွေး ချယ်ခံရန် အဆိုတင် သွင်းခဲ့ကြရာ မြို့နယ်ပါတီကော်မတီဝင် (၁၅) ဦးနှင့် အရံပါတီကော်မတီဝင် (၁၅) ဦး ရွေးချယ်ခဲ့ကာ မြို့နယ်ပါတီဥက္ကဌအဖြစ် ဦးဝေကျော်အောင်၊ အတွင်းရေးမှူးအဖြစ် ဦးကျော်မင်းထွန်း၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးမောင်အေးသိန်း တို့အားရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာစန်းရွှေမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး ရသေ့တောင်မြို့နယ် မျက်နှာစုံညီ အစည်း အဝေးကို နေ့လည် (၂) နာရီ (၁၅) မိနစ်အချိန်တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ကြောင်း သိရသည်။

သန်းမောင်


Leave a Reply