ဥရောပသမဂ္ဂ( EU) ကနေ ဗြိတိန်နှုတ်ထွက်မယ်

13494782_1053877008001517_6230943232799588776_n

၁၉၇၃ခုနှစ်က ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံဟာ ၂၀၁၆ခုနှစ် ဇွန်လ ၂၃ရက် နေ့မှာတော့ အီးယူအဖွဲ့ဝင်ထဲ ဆက်ရှိမလား၊ နှုတ်ထွက်မလာမဲပေးရွေးချယ်ခဲ့ရာ ၅၂ရာခိုင်နှုန်းက နှုတ်ထွက်မယ်လို့ မဲပေးခဲ့လို့ ဗြိတိန်ဟာ အီးယူကနေထွက်တော့မှာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံအတွင်း ၄လကြာ အကြိတ်အနယ် မဲဆွယ်ပြီးခဲ့တဲ့နောက် မဲပေး မှုတွေကို မနေ့က နံနက် ၇နာရီကနေ ည ၁၀နာရီအထိ ဗြိတိန်နိုင်ငံတစ်ဝှမ်းက မဲရုံပေါင်း ၃၈၂ရုံမှာပြုလုပ်ခဲ့ကြပါတယ်။ ည ၁၀နာရီမှာ မဲရုံတွေပိတ်ပြီး မဲတွေကို စတင်ရေတွက်ခဲ့ကြရာ အီးယူအဖွဲ့ဝင် အဖြစ်ကနေ နှုတ်ထွက်မယ့် ( Leave) က မဲအရေအတွက် တစ်သန်းကျော် အထိ အသာရခဲ့ပြီး အနိုင်ရသွားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံကို အီးယူကနေထွက်ဖို့ အဓိကမဲဆွယ်စည်းရုံးခဲ့သူ လက်ရှိအာဏာရပါ တီရဲ့ ပါလီမန်အဖွဲ့ဝင်လည်းဖြစ် လန်ဒန်မြို့တော်ဝန်ဟောင်း ဘောရစ်ဂျွန်ဆင် ဖြစ်ပြီး အီးယူအတွင်းမှာ ဆက်ရှိနေစေဖို့ကြိုးစားခဲ့သူက ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ဖြစ်ပါတယ်။ မဲတွေရေတွက်နေတဲ့ အချိန်အတွင်း အီးယူကနေ နှုတ်ထွက်မယ့် ( Leave ) က မဲအရေအတွက် အသာရနေချိန်မှာ ဗြိတိန်ရဲ့ စတာလင်ပေါင်ဟာ ၁၉ ၈၅ခုနှစ်နောက်ပိုင်း ၃၁နှစ်အတွင်း အဆိုးရွားဆုံး အနေအထားအထိ ကျဆင်းသွားခဲ့ပါတယ်။

မဲပေးဖို့ စာရင်းပေးထားသူ အရေအတွက် ၄၅.၆သန်းရှိခဲ့ပြီး မဲပေးခဲ့သူအရေ အတွက်က ၇၂ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ အနိုင်ရဖို့လိုအပ်တဲ့ မဲအရေအတွက် ၁၆. ၈သန်း ဖြစ်ပြီး ဗြိတိန်စံချိန် နံနက် ၆နာရီမှာတော့ အီးယူကနေ နှုတ်ထွက်မယ့် ( Leave) က ၅၂ရာခိုင်နှုန်း ရရှိခဲ့ပြီး အနိုင်ရခဲ့ကာ (Remain) ၄၈ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။ ဗြိတိန်ဟာ အီးယူကနေ နှုတ်ထွက်ခွင့်ရခဲ့ပေမယ့် အနည်းဆုံး ၂နှစ်လောက် အချိန်ယူပြီး နိုင်ငံရေးအရ ညှိနှိုင်းပြီးမှ ထွက်ရမှာဖြစ်လို့ လောလောဆယ် အီးယူစာချုပ်တွေ ဥပဒေတွေကို ဆက်လိုက်နာရဦးမှာဖြစ်ပါတယ်။

(BBC Burmese)


Leave a Reply