အမေရိကန်၏ မူဝါဒပြောင်းမှသာ မြောက်ကိုရီးယား နျူကလီးယား တိုက်ဖျက်ရေးဆွေးနွေးမည်
ပြုံယမ်း ဇွန် ၂၃
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီး ယားတိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို ဆွေးနွေးနေမည့် ကာလပတ်လုံး ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် စိတ် ပါဝင်စားမှုရှိမည် မဟုတ်ကြောင်း မြောက်ကိုရီးယားအဆင့်မြင့် အရာရှိ တစ်ဦးက ဇွန် ၂၃ ရက်တွင် ပေကျင်း မြို့၌ ကျင်းပခဲ့သည့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန် ကြီးဌာန၏ မြောက်အမေရိကဆိုင်ရာ ဒုတိယအကြီးအကဲ ချိုဆိုဟူးက ပေကျင်းမြို့ရှိ မြောက်ကိုရီးယားသံရုံး အရှေ့တွင် မီဒီယာများအား အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည် အောင်မြင်စွာ လွှတ်တင်ပြီးသည့် နောက် တစ်ရက်အကြာတွင် ထုတ်ပြန် ကြေညာခဲ့သော မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ချိုဆိုဟူးက ပြောကြားခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်အများ အပြားကို စမ်းသပ်ထုတ်လုပ်လျက်ရှိသည့်အပြင် ယင်းလက်နက်များကိုလည်း နိုင်ငံအနှံ့အပြားသို့ ဖြန့်ဖြူး ရောင်းချရန် ရည်ရွယ်ထားကြောင်း ချိုဆိုဟူးက ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား တိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို အမေရိကန်နိုင်ငံ၏ ပြုံယမ်းအပေါ် ချမှတ်ထားသည့် မူဝါဒများပြောင်းလဲသည့် နောက်ပိုင်းမှသာလျှင် ဆက်လက်ဆွေးနွေး လုပ်ဆောင်မည်ဖြစ်ကြောင်း ချိုဆိုဟူးက ဆက်လက် ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ။