ဘန်ကောက်အဲဝေး လေကြောင်းလိုင်းမှ မြန်မာပြည် ခရီးစဉ်များကို တိုးချဲ့ပျံသန်းမည်

ထိုင်းနိုင်ငံဘန် ကောက်အဲဝေး(Bangkok Airways) လေကြောင်းလိုင်းမှ မြန်မာနိုင်ငံမြို့ကြီး များဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် မြိတ်မြို့များသို့ လေကြောင်း ခရီးစဉ်များကို တိုးချဲ့ပျံသန်းသွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ ကပ္ပတိန်က ပြောကြားသည်ဟု ဇွန် (၂၃) ရက်က ဘန်ကောက်ပို့စ် သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

13509029_1215081685178009_8194188568540899143_n

အဆိုပါ လေကြောင်းလိုင်းအနေဖြင့် မြန်မာနိုင်ငံခရီးစဉ်များအတွက် ဘန်ကောက်-ရန်ကုန်၊ ဘန် ကောက်-မန္တလေး၊ ဘန်ကောက်-နေပြည်တော်၊ ဘန်ကောက်-မြိတ်ခရီးစဉ်များ နှင့် ချင်းမိုင်-ရန်ကုန်၊ ချင်းမိုင်-မန္တလေး၊ ချင်းမိုင်-ပုဂံခရီးစဉ်များကို လေကြောင်းခရီးစဉ်များ ပျံသန်းသွားမည် ဖြစ်ကြောင်း ယင်းသတင်း တွင်ဖော်ပြထား သည်။

Bangkok Airways လေကြောင်းလိုင်းအနေဖြင့် မြန်မာပြည် လေကြောင်းခရီးစဉ်များအတွက် ATR-72 လေယာဉ်အမျိုးအစားများ ဖြင့်ပျံသန်းသွားမည်ဖြစ်ကြောင်း သိရ ည်။

မြန်မာပြည်ခရီးစဉ်များကို လာ မည့်ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလ နောက်ဆုံးပတ် အတွငှ်းာ စတင်ပျံသန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် Bangkok Airways လေကြောင်းလိုင်းအနေဖြင့် မြန်မာနိုင်ငံ ခရီးစဉ်များအပြင် ဗီယက်နမ်နိုင်ငံ ခရီးစဉ်များကိုလည်း ပျံသန်းသွားမည်ဖြစ်ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ပြည်တွင်းခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုမှဒေါ်ဝင့်ဝါက ” ထိုင်း-မြန်မာ လေကြောင်း လိုင်းတွေက တော့ လက်ရှိမှာ အလုပ်အဖြစ်ဆုံးပဲ။ မြန်မာပြည်ကိုလာတဲ့ ခရီးသွားဆိုရင်လည်း ထိုင်းကအများ ဆုံးပဲလေ။ နောက်တစ်ခုက ထိုင်းကတစ်ဆင့်လာတဲ့ ခရီးသွားလည်းရှိတယ်။ အဲဒါကြောင့် ထိုင်း- မြန်မာ လေကြောင်းလိုင်း တွေတိုးလေ ပြည်တွင်းခရီးသွားလုပ်ငန်းအတွက် အထောက်အကူ ဖြစ်လေပဲ။ အခုလက်ရှိလည်း သူတို့လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ပျံသန်း နေတာ ရှိတယ်” ဟု ဇွန် ၂၃ ရက်က ဒီမိုကရေစီတူဒေးကို ပြောသည်။

အလားတူ စင်ကာပူနိုင်ငံ လေ ကြောင်းလိုင်းတစ်ခုဖြစ်သည့် Jetstar Asia Airline လေကြောင်း လိုင်းမှာ ရန်ကုန်-စင်ကာပူ ခရီးစဉ်ကို တစ်ပတ်လျှင် သုံးကြိမ် ထပ်မံတိုးချဲ့ပျံသန်းသွားမည် ဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်သည့် The Straits Times သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

‪Democracytoday

 


Leave a Reply