အမျိုးသမီး ရေးရာပွဲမှာ လူရွှင်တော် အဖြစ် တင်ဆက်မယ့် ချောရတနာ

အနုပညာ အလုပ်တွေကို နားထားပြီး မိသားစု အတွက်ပဲ အချိန် ပေးဖြစ်နေတဲ့ ချောရတနာ ကို  ပရိသတ်တွေ အနေ နဲ့ အမျိုးသမီးရေး ရာပွဲမှာ လူရွှင်တော် အဖြစ် မြင်တွေ့ကြ ရမှာဖြစ်ပါတယ်။  လူရွှင်တော် အနေနဲ့ ပထမဆုံး တင်ဆက် ရမှာဖြစ်တဲ့ အတွက် စိုးရိမ်စိတ် လည်း ရှိနေတဲ့ ချောရတနာက..

“အခု လောလောဆယ်တော့ ဇာတ် မတိုက်ရသေးဘူး။ အစ်မတို့ကို ဒိန်းဒေါင်၊ ဦးစိန်ရိုး တို့က သင်ပေးမယ် လို့ ပြောတယ်။ ဒီပွဲကို လက်ခံ ဖြစ်တာက အစ်မက အနုပညာ သမား တစ်ယောက်ဖြစ်တဲ့ အတွက် အနုပညာ နဲ့လည်း မစိမ်းချင်ဘူး။ ကိုယ့် အနုပညာ ညီအစ်ကို မောင်နှမ တွေနဲ့ ဆုံချင်တာလည်း ပါတယ်။ ဝါသနာ ကလည်း ပါတယ်။ လူရွှင် တော် ဆိုတာ တစ်ခါမှမလုပ်ဖူးတော့ စိုးရိမ်ပါ တယ်။ ပရိသတ် ကို ရယ်ဖို့ လုပ်ရတာ အစ်မ အတွက် တအားခက် ခဲပါတယ်” လို့ ပြောပါတယ်။ ချောရတနာ အနေ နဲ့ အချိန် အတော် ကြာ အနုပညာ အလုပ်တွေကို နားထားရခြင်း က  သားလေးကို သူကိုယ်တိုင် ဂရုစိုက်ချင် တာကြောင့် နားထား ရခြင်းဖြစ် ပြီး နောက် ပိုင်းမှာတော့ အနုပညာ အလုပ်ကို အနည်း အကျဉ်းတော့ လုပ်သွားမှာဖြစ် ကြောင်း ပရိသတ်ကို သတင်းစကား ပေးပါတယ်။

“ပရိသတ်တွေ ကလည်း အစ်မကို အနုပညာ အလုပ် ပြန် လုပ်စေချင်နေကြတယ်။ အနု ပညာ လှုပ်ရှားမှု သိပ်မရှိဘဲနဲ့ ဒီ အချိန်ထိ အားပေးနေ တဲ့ အတွက် ကျေးဇူးလည်း တင်ပါတယ်။ ပရိသတ် အကုန်လုံး ကို တောင်း လည်း တောင်းပန်ပါတယ်” လို့ ပြောပါ တယ်။ ချောရတနာ က ဒုတိယ ရင်သွေးလေးလည်း ရရင် လို ချင်မိတယ် လို့လည်း ပြောခဲ့ပါသေး တယ်။

တွယ်တာ


Leave a Reply