ခင်ဦးမြို့ နယ်ပါတီမျက်နှာစုံညီ ညှိနှိုင်းစည်းဝေးအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မြို့တော်စည်ပင်ခန်းမ၌ ဇွန်လ (၂၁) ရက်ေ န့နံနက် (၉) နာရီက မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီညှိနှိုင်း စည်းဝေးအခမ်းအနားကျင်းပခဲ့သည်။

48171688-21062016


အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ဗဟို) ဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့်၊တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(တာဝန်ခံ)ဦးသန်း ထွန်းနှင့် (တွဲဖက်အတွင်းရေးမှူး) ဦးအောင်ကျော်ဦး၊ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမြတ်မျိုးညွန့်နှင့်အလုပ်အမှုဆောင် ဦးသက်အောင်ဇော်၊မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါ တီ(တာဝန်ခံ)ဦးအောင်စိုးဝင်းနှင့် အလုပ်အမှုဆောင်များ၊ ပါတီဝင် အင်အား၂ဝဝခန့် စုံညီစွာတက် ရောက်ခဲ့ကြသည်။

ရှေးဦးစွာပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ဗဟို)ဒုတိယ ဥက္ကဋ္ဌသူရဦးအေးမြင့်ကအဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(တွဲဖက် အတွင်းရေးမှူးဦးအောင်ကျော်ဦးကပါတီအတွင်းစည်းလုံးညီညွတ်မှုကိုထိခိုက်စေနိုင်သည့်အုပ်စုဖွဲ့ဘက် လိုက်မှုမရှိစေရေး၊ပါတီအတွက်မှန် မှန်ကန်ကန် ကြိုးစားလုပ်ကိုင်ပေးမည့် မြို့နယ်ပြည်သူနှစ်သက်လက် ခံသူကို လူမှန်နေရာမှန်ဖြစ်အောင် ရွေးချယ်ရန်၊ရွေးချယ်ရေးလုပ်ငန်နှင့် စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်း များကို အသေးစိတ်ရှင်းလင်းပြော ကြားသည်။

အဆိုပါခန်းမ၌ မွန်လွဲ၁နာရီက မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီညှိနှိုင်း အစည်းအဝေးအခမ်းအနား ဆက် လက်ကျင်းပရာ သဘာပတိဦးခင် မောင်ရွှေက အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သော ဦးတင့်ဆွေ၊ ဦးစိန်လင်း၊ ဦးတင်အောင်၊ ဦးမြင့် မောင်၊ဒေါ်သီတာဦး၊ဦးမြင့်ဝင်းတို့ က အစုအဖွဲ့စာတမ်းများကို အသီး သီးဖတ်ကြားတင်ပြကြသည်။
ထို့နောက်ပါတီဝင်ဟောင်းများ နုတ်ထွက်ခြင်း၊ ပါတီကော်မတီဝင် ၁၅ဦး၊အရန်ပါတီကော်မတီဝင် ၁၅ ဦးရွေးချယ်အတည်ပြုခြင်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးဘဏ္ဍာ ရေးမှူးတို့ကို ထပ်မံပြန်လည်ရွေး ချယ်အတည်ပြုခြင်းနှင့်ပါတီကော်မ တီဝင်များ စုပေါင်းကတိသစ္စာပြု ခဲ့ကြသည်။

၎င်းနောက် မြို့နယ်ပါတီကော် မတီဝင် အဖွဲ့သစ်ကိုယ်စား မြို့နယ် ပါတီဥက္ကဋ္ဌသစ်ဦးထွန်းမြင့်က ကြို ဆိုနှုတ်ခွန်းဆက်စကားများပြော ကြားပြီးသဘာပတိကနိဂုံးချုပ်အမှာ စကားပြော၍ အစည်းအဝေးကို ပါတီ၏ကြွေးကြော်သံများဖြင့် ရုပ် သိမ်းခဲ့ကြောင်း သိရသည်။

စံခင်ဦး


Leave a Reply