ကုလပိတ်ဆို့မှုကို ချိုးဖောက်ကာ မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း ရှေ့ဆင့်နောက်ဆင့် ပစ်လွှတ်စမ်းသပ်

Musudan

ပြုံယမ်း၊ ဇွန် ၂၂

ကုလသမဂ္ဂ ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုကို အာခံလျက် မြောက်ကိုရီးယားနိုင်ငံက တာလတ်ပစ် ဖျက်အားပြင်းဒုံးကျည်နှစ်စင်းကို ရှေ့နောက်ဆင့် ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံက ပြောသည်။

နာရီပိုင်းအတွင်း ပစ်လွှတ်သည့် ယင်းဒုံးကျည်နှစ်စင်းက Musudan ဖျက်အားပြင်းဒုံးကျည်များဖြစ်ကြောင်း တောင်ကိုရီးယားက ပြောသည်။

ပထမဒုံးကျည် ပစ်လွှတ်မှုက မအောင်မြင်ကြောင်း သိရပြီး ဒုတိယဒုံးကျည် အောင်မြင်လားဆိုသည်ကို အကဲဖြတ် နေဆဲဖြစ်ကြောင်း တောင်ကိုရီးယားက ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယား စီမံကိန်းကြောင်း ကုလသမဂ္ဂက ဒုံးကျည်စမ်းသပ်မှု မည်သည့် နည်းပညာမဆို လုပ်ဆောင်ခြင်းအား တားမြစ်ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်လအတွင်း မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်လေးစင်း စမ်းသပ်ပစ်လွှတ်ပြီး မအောင်မမြင်ဖြစ်ကြောင်း သတင်းသိရသည်။

Musudan ဒုံးကျည်သည် အကွာအဝေး မိုင် ၁၈၀၀ အထိ ရောက်နိုင်ပြီး တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန် ပိုင်နက်ဖြစ်သော အနောက်ပစိဖိတ်ရှိ ဂူအမ်အထိ ပစ်လွှတ်နိုင်စွမ်းသည့် ဒုံးကျည်အမျိုးအစားဖြစ်သည်။

-Ref; BBC


Leave a Reply