မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာ ပ၊ ဒုခေါင်းဆောင်များ တွေ့ဆုံစည်းဝေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီနှင့် ရပ်ကွက်/ ကျေးရွာပါတီ ပ၊ ဒု ခေါင်းဆောင်များ ညှိနှိုင်း အစည်း အဝေးကို ဇွန်လ (၂၀) ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် မြို့နယ်ပါတီမျက်နှာစုံညီ အစည်း အဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး အဓိကထား ဆွေးနွေးခဲ့ကြသည်။

13423872_395401823968284_1024692218516616870_n

အစည်းအဝေးသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဥက္ကာနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာပါတီများမှ ပ၊ ဒုခေါင်းဆောင်များ စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၂) နာရီခွဲ အချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply