အုပ်စုမှ လှည့်ပြန်ခဲ့ရ၍ ရုရှားနည်းပြ နုတ်ထွက်ခွင့်တောင်း

Russia-coach-Reuters

ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့အတွက် နုတ်ထွက်ခွင့်ပြုဖို့ ရုရှားဘောလုံးအသင်းနည်းပြ လီယိုနစ် ဆတ်စကီက တောင်းခံခဲ့ပါတယ်။

အုပ်စုဘီ နောက်ဆုံးပွဲမှာ ဝေးလ်စ်အသင်းကို ၃ ဂိုး ဂိုးမရှိ၊ အင်္ဂလန်နဲ့ ၁ ဂိုးစီသရေ၊ ဆလိုဗက်ကီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ရုရှားဟာ အုပ်စုကနေ လှည့်ပြန်ခဲ့ရတဲ့အတွက် နုတ်ထွက်ဖို့ ကမ်းလှမ်းထားတယ်လို့ သတင်းမှာ ရေးပါတယ်။

ဒီပြိုင်ပွဲပြီးတာနဲ့ တခြား အဓိကပြိုင်ပွဲတွေအတွက် တဦးတယောက်ကို တာဝန်ယူခိုင်းသင့်တယ်လို့လည်း ဆတ်စကီက ပြောပါတယ်။

အရင်နှစ် ဇွန်လက အသက် ၄၅ နှစ်အရွယ် စီအက်စ်ကေအေ မော်စကိုအသင်းနည်းပြ ဆတ်စကီဟာ အရင် ရုရှား နည်းပြ ဖေဘီယို ကာပယ်လို နေရာကို ရယူခဲ့တာဖြစ်ပြီး စာချုပ်က ယူရို ၂၀၁၆ ပြိုင်ပွဲ အဆုံးအထိ သက်တမ်း ရှိနေတာ ဖြစ်ပါတယ်။

ရုရှားဘောလုံးအဖွဲ့ချုပ်ကတော့ နိုင်ငံအသင်းနဲ့ စီအက်စ်ကေအေအသင်း တခုခုကို ရွေးချယ်ခိုင်းရမယ်လို့ ပြောဆိုထား ကြောင်း ဆိုပါတယ်။

ရုရှားအသင်းဟာ ပရိသတ်တွေရဲ့ အပြုအမူကြောင့် ဥရောပဘောလုံး အဖွဲ့ချုပ်ရဲ့ စွဲချက်ကိုလည်း ရင်ဆိုင်နေရ ပါတယ်။

(ရိုက်တာ)


Leave a Reply