နတ်တလင်းပြည်ခိုင်ဖြိုး မျက်နှာစုံညီစည်းဝေး
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၀) ရက် နံနက် (၉) နာရီတွင် မြို့နယ်ပါတီရုံး၌ ကျင်းပရာ တိုင်းပါတီ ဥက္ကဋ္ဌ ဦးဥာဏ်ဝင်းနှင့် တိုင်းပါတီကော်မတီဝင်များ သာယာဝတီခရိုင် အတွင်းရေးမှူး နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု (၈၂) အုပ်စုမှ ပါတီကေဒါများ ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်းများ၊ ဖိတ်ကြားထားသော မြို့မိမြို့ဖများ စုံညီစွာတက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး ပြန်လည်ပြင်ဆင်ဖွဲ့စည်ရေးကော်မတီက နတ်တလင်းမြို့နယ်ပါတီကို ပြင်ဆင်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
Credit – စစ်နိုင်