Queen ကလပ်ဖလား တင်းနစ်ပြိုင်ပွဲတွင် အန်ဒီမာရေး ငါးကြိမ်မြောက် ဗိုလ်စွဲ
ဇွန် ၁၉ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ Queen ကလပ်ဖလား တင်းနစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲမှာ ဗြိတိသျှ တင်းနစ်အကျော်အမော် အန်ဒီ မာရေးက ကနေဒါနိုင်ငံသား မီလော့စ် ရွန်နစ်ကို ၆-၇(၅)၊ ၆-၄၊ ၆-၃ နဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။
မာရေးဟာ ၂၀၀၉၊ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅ တို့မှာ Queen ကလပ်ဖလားကို ရရှိခဲ့ဖူးတဲ့အတွက် ငါးကြိမ်မြောက်ရရှိတဲ့ ချန်ပီယံအဖြစ် စံချိန်တင်လိုက်နိုင်ပါတယ်။
(ရိုက်တာ)