တိဘက်ဒေသဆိုင်ရာကိစ္စရပ်များကို အမေရိကန်အနေဖြင့်ဝင်ရောက် စွက်ဖက်ရန် မသင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ပြော

13443322_1039193526173534_3818182666714005445_o

ပေကျင်း ဇွန် ၁၉

အမေရိကန်အစိုးရအနေဖြင့် တိဘက် ဒေသနှင့်ပတ်သက်သည့် မည်သည့် အကြောင်းကိစ္စကိုမဆို ဝင်ရောက် စွက်ဖက်ရန် မသင့်ကြောင်း တရုတ် နိုင်ငံ ခြားရေး ဝန်ကြီး ဝမ်ယီက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား ဇွန် ၁၈ ရက်တွင် ဖုန်းဆက်အကြောင်း ကြားခဲ့ကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် အဆိုပါဖုန်းခေါ်ဆိုမှု နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တိဘက ဒေသ၏ အချုပ်အခြာအာဏာကို မည်သည့်နည်းနှင့်မျှ ထိပါးရန် မရည်ရွယ်ပါ ကြောင်း၊ တိဘက်ဒေသသည် တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်ဆိုသည့် အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒကို မပြောင်းလဲပါ ကြောင်း ပြောကြားခဲ့သည်ဟု ရေးသားထားသည်။

အဆိုပါဖုန်းခေါ်ဆိုမှုသည် အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် တိဘက်ဒေသ ခေါင်းဆောင်ဟောင်း ဒလိုင်လားမားနှင့် တွေ့ဆုံပြီးနောက် ပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။

ယင်းသို့တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ထိခိုက်စေသည်ဟု တရုတ်နိုင်ငံက ရှုမြင်ခဲ့သည်။

အရှေ့အာရှဒေသနယ်မြေအငြင်းပွားမှုနှင့် ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့ တင်းမာမှုမြင့်တက်နေချိန်တွင် အမေရိကန်သမ္မတ အိုဘားမား နှင့် ဒလိုင်လားမားတို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့ ဖုန်း ပြောဆိုမှုတွင် ပေကျင်းမြို့တွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံအကျိုးတူ မဟာ ဗျူဟာကျ စီးပွားရေးဆိုင်ရာဆွေးနွေးမှု ၏ အကျိုးရလဒ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ရေးသားထား ကြောင်း သိရသည်။

(ရိုက်တာ)


Leave a Reply