နိုင်ငံတော်သမ္မတငြိမ်းအဂ္ဂမဟာသရေစည်သူအဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန်နှင့်ဇနီး တောင်ကြီးမြို့တွင် သံဃာတော်အပါး ၁ဝဝဝအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ရှိ ဆရာတော်ကြီးများအမှူးထား၍ ရွှေသုဝဏ်ဆရာတော်ကြီးနှင့်ပြည်တွင်း ပြည်ပသာသနာပြုမေတ္တာစင်တာများ ၏နာယကကြီး မဟာသဒ္ဓမ္မဇောတိက ဓဇ ဆရာတော်ဦးဝံသသီရိ(ဦးဝင်းဖေ) တို့ ဦးဆောင်၍ နိုင်ငံတော်သမ္မတ (ငြိမ်း) အဂ္ဂမဟာသရေစည်သူ အဂ္ဂ မဟာသီရိသုဓမ္မဦးသိန်းစိန်နှင့် ဇနီး၊ Mr. HALIM Family & Mr. RUDDY Family အင်ဒိုနီးရှားနိုင်ငံ Dhama Brother & Sister၊ သုဓမ္မ သိင်္ဂီဒေါ်ရည်ဝိုင်းဦး၊ A1 ကုမ္ပဏီ မိသားစုများနှင့်ဒေါ်ခင်ဌေးကြည်(လုမ္ဗိနီ အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဉ် လိုင်း)မိသားစုများစုပေါင်း၍
နိုင်ငံတော်သမ္မတ(ငြိမ်း) မှ
တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်း ၄၉ကျောင်းမှ သံဃာတော်အပါး ၁ဝဝဝအား စတီးလ်သပိတ်၊သင်္ကန်းနှင့် အခြား လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်း သည့်အလှူတော်မင်္ဂလာအခမ်း အနားကို ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့ သစ်တောရပ်ကွက် မဟာပုဗ္ဗာရုံ ကံဦးပရိယတ္တိစာသင် တိုက်တွင် ကျင်းပခဲ့သည်။
အလှူတော်မင်္ဂလာအခမ်းအနား သို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ အထွေထွေအတွင်းရေး မှူး ဦးတင်နိုင်သိန်းနှင့် ဗဟိုအလုပ် အမှုဆောင်များ၊ ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ် နှင့် တာဝန်ရှိသူများ၊အလှူရှင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုကန်တော့၍ ဖွင့် လှစ်ခဲ့ပြီး နိုင်ငံတော်ရွှေတံဆိပ် ဆုရစောင်းပညာရှင်ဦးသိန်းဟန်နှင့် အဆိုတော်မပိုးအိတို့က ဓမ္မတေး ဖြင့်ပူဇော်ခဲ့သည်။ ထို့နောက် နိုင်ငံ တော်သြဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇညောင်ရွှေမြို့အင်းလေးရွှေဘုံသာ ကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝေပုလ္လာဘိဝံသထံမှ ငါးပါး သီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော် အရှင် သူမြတ်တို့အား လှူဖွယ်ဝတ္ထုအစုစု တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့ အတွက် အနုမောဒနာ တရားနာ ကြားကာ ရေစက်သွန်းချ အမျှပေး ဝေပြီးနောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အလှူ မင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

Union daily


Leave a Reply