နိုင်ငံတော်သမ္မတ(ငြိမ်း)အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်မွေတော်ကက္ကူစေတီတော်ပြုပြင်မွမ်းမံရန် အလှူတော်ငွေကျပ်သိန်း ၁ဝဝလှူဒါန်း
နိုင်ငံတော်သမ္မတ(ငြိမ်း) အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မွေတော် ကက္ကူစေတီတော်သို့ ဇွန်လ (၁၇) ရက်နေ့ကရောက်ရှိခဲ့ပြီး စေတီတော်ပြုပြင်မွမ်းမံရန်အတွက် အလှူတော်ငွေကျပ်သိန်း ၁ဝဝ လှူဒါန်းခဲ့သည်။
နိုင်ငံတော်သမ္မတ(ငြိမ်း) အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်နှင့်အဖွဲ့သည် မွေတော်ကက္ကူစေတီတော် ပျက်စီးမှုများကို ကြည့်ရှုပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခေါင်းဆောင် ဦးခွန်စံလွင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နာယက ဦးအောင်ခမ်းထီ တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Union daily