မြောက်ဦးပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေး ကို ဇွန်လ (၁၈) ရက်နေ့ နံနက် (၁၁) နာရီက မြောက်ဦးမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပရာ ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာစန်းရွှေ (မြောက်ဦးမြို့နယ် မျက်နှာစုံညီ အစည်းအဝေး ကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင်) မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

Myauk Oo1

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌမှ မြို့နယ်အလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား တင်သွင်းခြင်း၊ မြို့နယ်ပါတီ အစုအဖွဲ့များမှ ဆွေးနွေးပြုစုထားသော စာတမ်းဖတ်ကြားတင်ပြခြင်းတို့ ဆောင်ရွက်ပြီးနောက် ပြည်နယ်ပါတီတွဲဖက်အတွင်းရေးမှူး ဦးသန်းဝေမှ မြို့နယ်ညီလာခံကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းမှာကြားခဲ့သည်။

ယင်းနောက် လက်ရှိမြို့နယ်ကော်မတီဝင်များ နှုတ်ထွက်ခဲ့ပြီး ကော်မတီဝင် များအား အသစ်ပြန်လည် ရွေးချယ်ဖွဲ့စည်းခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် ဦးမောင်လှဝေ၊ အတွင်းရေးမှူးအဖြစ် ဦးအောင်ကျော်စိန်၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးလှကျော်ထွန်းတို့အား ရွေးချယ်တင်မြောက်ခဲ့ကြသည်။

၎င်းနောက် ရွေးချယ်တင်မြောက်ခံရသော မြို့နယ်ဥက္ကဋ္ဌမှ ကျေးဇူးတင် အမှာစကားပြောကြားပြီး ပြည်နယ်အတွင်းရေးမှူးမှ နိဂုံးချုပ် အမှာစကား ပြောကြားကာာ နေ့လည် ၂ နာရီခွဲတွင် အခမ်းအနား အား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Nay Cho Thway


Leave a Reply