ရေစကြိုမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည် ဖွဲ့စည်းခြင်း အောင်မြင်စွာ ကျင်းပပြီးစီး
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားကို ဇွန်လ (၁၈) ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဟောင်း ဦးစိုးမောင်၊ မကွေးတိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ပခုက္ကူခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီအကြံပေးများ၊ ပါတီကော်မတီ ၀င်များ၊ ရပ်/ကျေးပါတီ ပ/ဒု ခေါင်းဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် ပြန်လည်ဖွဲ့စည်းရန် ရွေးချယ်ခြင်းလုပ်ငန်းအား ပါတီဝင် များ၏ ဆန္ဒနှင့်အညီ လျို့ဝှတ်မဲပေး ရွေးချယ်ခဲ့ကြပါသည်။ ပါတီတွင်း ဒီမိုကရေစီကျကျ ညီညွတ်စွာရွေးချယ်ရာ မြို့နယ်ပါတီ ကော်မတီဝင် (၁၅) ဦးနှင့် အရံကော်မတီဝင် (၁၅) ဦးအား အောင်မြင်စွာ ရွေးချယ်နိုင်ခဲ့ပြီး ရေစကြို မြို့နယ်ပါတီ ဥက္ကဋ္ဌအဖြစ် ဦးသိန်းလွင်၊ မြို့နယ်ပါတီအတွင်းရေးမှူးအဖြစ် ဦးချမ်းမင်း၊ ဘဏ္ဍာရေးမှူး အဖြစ် ဒေါ်စန်းစန်းရီ နှင်တို့အား ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
Credit- ငမွေ တိုး