သီပေါတွင် ပါတီမျက်နှာစုံညီအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင် သီပေါမြို့နယ် ပြည်ခိုင် ဖြိုးပါတီ၏ ပါတီပြန်လည် ရွေးချယ် ဖွဲ့စည်းခြင်းနှင့်မျက်နှာစုံညီ အစည်းဝေးကို ယခုလ ၁၁ ရက် နံနက်၁ဝ နာရီက မြို့နယ်ပါတီရုံး ဖြိုးသီဟခန်းမ၌ ကျင်းပသည်။

Thi Paw

မျက်နှာစုံညီအစည်းအဝေးသို့ မြို့နယ်နာယကကြီးများ၊ ပါတီဗဟိုကော်မတီဝင် ပြည်နယ်ပါတီကော်မတီ ဦးစိုင်းနော်ခမ်းဦး၊ ကျောက်မဲခရိုင်အတွင်းရေးမှူး ဦးဝင်းမြင့်နှင့် ကော်မတီဝင်များ၊ မြို့နယ်အတွင်းရေးမှူး ဦးအောင်အောင်နှင့်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာစည်းရုံးရေးအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်ပါတီကော်မတီရွေးချယ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုင်းနော်ခမ်းဦးက ပြန်လည်ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြန်လည်ရွေးချယ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်၍ ပါတီကော်မတီဝင်လောင်းများကို အဆင့်ဆင့်ရွေးချယ်ကြရာ ဥက္ကဋ္ဌ ဦးအောင်အောင်၊ အတွင်းရေးမှူး ဦးစိုင်းခင်မောင်ရွှေ၊ ဘဏ္ဍာရေးမှူး ဦးညီညီထွေးနှင့်ကော်မတီဝင်အသစ်ငါးဦးပါဝင်သော မြို့နယ်ပါတီ ကော်မတီကို ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။

ထို့နောက် ရွေးချယ်ခံပါတီကော်မတီဝင်များအား ဗဟိုကော်မတီ မှ တာဝန်ခန့်အပ်လွှာများပေးအပ်ပြီးနောက် သဘာပတိများရှေ့မှောက် တွင် သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ အခမ်းနားကို မွန်းလွဲ ၂ နာရီတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

Union daily


Leave a Reply