မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တိုင်းဒေသကြီး ခရိုင်ပါတီဝင်များနှင့်တွေ့ဆုံ

မိတ္ထီလာခရိုင် ရိပ်သာအစည်း အဝေးခန်းမ၌ ဇွန်လ (၁၇) ရက် မွန်းလွဲ ၁၂ နာရီမိနစ်၅ဝမှ ၁နာရီမိနစ်၂ဝအထိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်နှင့် တိုင်းကော်မတီဝင်များ၊ တိုင်းဒေသ ကြီးပါတီမျက်နှာစုံညီအစည်းအဝေး နှင့် ပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးအဖွဲ့ဝင်များမှ ညောင်ဦး ခရိုင်၊ ရမည်းသင်းခရိုင်၊ မိတ္ထီလာ ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် အတွင်းရေးမှူးများ၊ ကော်မတီဝင် များ၊ခရိုင်၊ မြို့နယ်အဆင့် မျက်နှာ စုံညီအစည်းအဝေးနှင့် ပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးအဖွဲ့ ဝင်များအားတွေ့ဆုံခဲ့သည်။

11249638_667824796685349_4117055125344959328_n

တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကရွေး ချယ်ရေးကော်မရှင်အဖွဲ့များသည် ဗဟိုမှ သတ်မှတ်ပြဋ္ဌာန်းပေးသော ရွေးချယ်ရေးလုပ်ငန်းစဉ်များပါအတိုင်း မှန်မှန်ကန်ကန်ရွေးချယ်ပေး ကြရန်လည်းကောင်း၊ ရွေးချယ်မှု နည်းစနစ်များအရ ကော်မတီဝင် အဟောင်းများပါဝင်နိုင်ရေး၊ ရပ်/ ကျေးများအလိုက်ပ၊ဒုခေါင်းဆောင် များပါဝင်နိုင်ရေး၊ ၄င်း ပ၊ ဒုခေါင်း ဆောင်များအပြင်ပြင်ပရှိပါတီအပေါ် စိတ်ပါဝင်စားကြသောပါတီဝင်များ ကိုလည်းထည့်သွင်းရွေးချယ်နိုင်ရေး တို့ကို ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်အလိုက် ပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးအဖွဲ့ဝင် များကလည်းကောင်း၊ခရိုင်၊မြို့နယ် ကော်မတီဝင်များကလည်းကောင်း ကြိုတင်အစည်းအဝေးများပြုလုပ် ၍ ပြင်ဆင်ဆောင်ရွက်ပြီးမှုများ ကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ ကြောင်းသိရသည်။

ကြယ်စင်ထွန်း(ထီလာမြေ)


Leave a Reply