မအူပင်ပြည်ခိုင်ဖြိုးပါတီမျက်နှာစုံညီအစည်း အဝေးကျင်းပရန် အကြိုညှိနှိုင်းစည်းဝေး

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးအား ယခုလ ၁၇ ရက် နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁ နာရီခွဲအထိ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန်ခန်းမ၌ ကျင်းပ ခဲ့သည်။

13423872_395401823968284_1024692218516616870_n

အစည်းအဝေးတွင် မြို့နယ်ပါတီအတွင်းရေးမှူး ဦးစောသောင်း ဒန်က မျက်နှာစုံညီအစည်းအဝေးအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကိုရှင်းလင်းပြီး အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်မှာကြားခဲ့သည်။ ဆက်လက် ၍ အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီခေါင်းဆောင် ဦးတင် မောင်ရွှေ၊ ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီခေါင်းဆောင် ဦးသိန်း ဝင်း၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ခေါင်းဆောင်ဦးစန်းလွင်၊ သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ ခေါင်းဆောင် ဦးခင်ဇော်ဝင်းတို့က မျက်နှာစုံညီအစည်းအဝေးအတွက် ကော်မတီအလိုက် ဆောင်ရွက်ထားမှုများကို ရှင်းလင်းပြောကြား၍ တက်ရောက်လာသောပါတီကော်မတီဝင်များက ဖြည့်စွက်အကြံပြု ဆွေးနွေးကြသည်။ အစည်းအဝေးသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးမင်းအောင်နှင့် ဒေါ်စမ်းစမ်းဝင်း၊ မအူပင်မြို့ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးစောသောင်းဒန်နှင့် ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)


Leave a Reply