မနက်ဖြန် အတွက် ရာသီဥတုကို ဖန်ပေါင်းချောင်ထဲမှာပြပေးမယ့် Weather Gadget

အတော်လေးကို ထူးဆန်းတဲ့ Gadget တစ်မျိုးပါ။ မနက်ဖြန် မိုးရွာမယ်ဆိုရင်တော့ ပုံမှာမြင်ရတဲ့ Gadget က မိုးတွေသည်းထန်စွာ ဖန်ပေါင်းချောင်လေးထဲ ရွာနေမှာဖြစ်သလို တိမ်ထူထပ်မယ်ဆိုရင်တော့ မီးခိုးတွေနဲ့ ပြည့်နှက် ပြီး မှောင်နေမှာပါ။

Capture

လျှပ်စီးလက်သလို အခြေအနေတွေဖြစ်မယ်ဆိုရင်တော့ LED မီးလုံးလေးနဲ့ လျှပ်ပြက်သလိုပုံစံမျိုးတွေကို ပြသပေး မှာပါ။ Wireless Connection နဲ့ Online ချိတ်ဆက်ပေးထားရမှာဖြစ်ပြီး အရွယ်အစားအနေနဲ့ အမြင့် ၁ ပေ ကျော်ကျော် နဲ့ အနံ ၅ လက်မကျော်လောက် ရှိပါတယ်။

အိမ်ရှေ့စားပွဲပေါ်မှာ အလှဆင်ရင်ပဲဖြစ်ဖြစ် အိပ်ခန်းထဲ၊ ကွန်ပျူတာစားပွဲပေါ် စတဲ့နေရာတွေမှာ တင်ထားရင် အသုံးဝင်ပြီး အမြင်လည်းတင့်တယ်ပါတယ်။

အိပ်ခန်းထဲ ပြတင်းပေါက်တွေ၊ ခန်းစီးတွေကြောင့် အပြင်လောကကို မမြင်ရရင်တောင် ဒီ Gadget လေး က ရာသီဥတုအခြေအနေကို အလင်းပြပေးနေမှာပါ။ ဖန်ပေါင်းချောင်လေး တစ်ခုဆိုပေမယ့် နည်းပညာပိုင်းဆိုင်ရာ တီထွင်မူတွေ များစွာပါဝင်ပါတယ်။

တီထွင်သူကတော့Google ရဲ့ Software Engineer ဂျပန်လူမျိုး Ken Kawamoto ဖြစ်ပါတယ်။ Google ရဲ့ ၀န်ထမ်းတွေကတော့ ပညာရပ်ပိုင်းဆိုင်ရာ အံ့မခန်းအောင် တော်နေတယ်ဆို ဒီ Gadget လေးကိုကြည့်ပြီး သိနိုင် မှာပါ။

– Gadget ရဲ့ အလုပ်လုပ်ပုံအသေးစိတ်သိချင်ရင်တော့ အောက်က Link မှာ Video လေး ၀င်ကြည့်နိုင်ပါတယ်။

https://goo.gl/P4DFis

Democracytoday


Leave a Reply