ပုဇွန်တောင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမျက်နှာစုံညီ အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ် ပါတီရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ မျက်နှာစုံညီအစည်း အဝေးအခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးဦးသာဝင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်လှိုင်၊ တိုင်းဒေသကြီးပြန်လည်ဖွဲ့စည်းရေး ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်စိုး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ပါတီ အတွင်းရေးမှူး ဦးစိန်မြင့်၊ ခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီအဆင့်ဆင့်ပြန်လည်ရွေးချယ် ရေးဥက္ကဋ္ဌ ဦးထွန်းအောင်ကြည်၊ ပုဇွန်တောင်မြို့နယ်ပါတီနာယက အဖွဲ့ဝင်တက္ကသိုလ်မြတ်သူ၊ ဦးမြ လှိုင်၊ မြို့နယ်ပါတီကော်မတီဝင် များ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စား လှယ်များ စုစုပေါင်း ၄၁ ဦးတက် ရောက်ခဲ့သည်။ အခမ်းအနားအစီ အစဉ်အရ ခရိုင်အတွင်းရေးမှူး ဦးစိန်မြင့်က သဘာပတိအဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပါတီ ကော်မတီဝင် ဦးမောင်မောင်မြင့်က ပုဇွန်တောင်မြို့နယ်ပါတီမှ ဆောင်ရွက်ခဲ့သောလုပ်ငန်းစဉ်များပါ စာတမ်းဖတ်ကြားရှင်းလင်းသည်။ ထို့နောက် ပုဇွန်တောင်မြို့ နယ်ပါတီအတွင်းရေးမှူး ဦးထွန်းအောင်ကြည်က ပါတီမှဆောင်ရွက်ခဲ့သောလုပ်ငန်းများ မျက်နှာစုံညီ အစည်းအဝေးဒုတိယပိုင်းကျင်းပနိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေသည့် မြို့နယ်ပါတီကော်မတီဝင် များနုတ်ထွက်ကြောင်းကြေညာပြီး ပါတီမျက်နှာစုံညီ အစည်းအဝေး ပထမပိုင်းကို ရပ်နားခဲ့ကြောင်း သိရသည်။
အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ ပုဇွန်တောင် မြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် ဦးစိုးမင်းသန်း၊ အတွင်းရေးမှူးအဖြစ် ဦး မောင်မောင်မြင့်၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်ဦးဦးမေသွင်တို့ကို မြို့နယ်ပါတီ ကော်မတီဝင် ၁၂ ဦးတို့က မဲစနစ်ဖြင့်ပြန်လည်ရွေးချယ်ခန့် အပ်ခဲ့သည်။

အေးအေးဝင်း၊ မြင့်ဦး


Leave a Reply