တက္ကသိုလ် တက်ရောက်မည့် မသန်စွမ်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ဆု လျှောက်ထားနိုင်မည်

ယခုပညာသင်နှစ်အတွက် တက္ကသိုလ်တက်ရောက်မည့် မသန်စွမ်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာ သင်ဆုများ လျှောက်ထားတက်ရောက်နိုင်ကြောင်း သိရသည်။

New Picture

အဆိုပါပညာသင်ဆုအား မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့ (MILI) တို့က ထောက်ပံ့ပေးခြင်းဖြစ်ပြီး ပညာသင်ဆုတွင် တက္ကသိုလ်တက်ရောက်ရန်အတွက် ကျောင်းလခ၊ ကျောင်းဝင်ကြေးနှင့် အခြားပေးသွင်းရမည့် ကုန်ကျစရိတ်များအား နိပွန်ဖောင်ဒေးရှင်းက ၁၀၀ ရာခိုင်နှုန်း ပညာသင် စရိတ် ထောက်ပံ့ပေးခဲ့သည်။

ထို့ပြင် Eden Group ကလည်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှုတွင် လိုအပ်သော သင်ထောက်ကူ ပစ္စည်းများအား ဝယ်ယူနိုင်ရန် အတိုးမဲ့ချေးငွေ ထောက်ပံ့ပေးမည်ဖြစ်သည်။

ချေးငွေ ပြန်လည်ပေးဆပ်ခြင်းကို ဘွဲ့ရရှိပြီး နောက်ငါးနှစ်အတွင်း လစဉ်အတိုးမဲ့အရစ်ကျပေးဆပ်နိုင်ရန် မြန်မာ့ ရှေ့ဆောင်ဘဏ် (MAB) မှ စီစဉ် ပေးမည်ဖြစ်ပြီး အလုပ်ရှာရန်အတွက် တစ်နှစ်အချိန်ပေးမည်ဖြစ်ကာ ချေးငွေ ပြန်လည်ပေးဆပ်ခြင်းကို စောင့်ဆိုင်း ပေးမည်ဖြစ်ကြောင်း သိရသည်။

၎င်းပညာသင်ဆုကို လျှောက်ထားလိုသူများအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)၊ မြန်မာ့ရှေ့ဆောင် ဘဏ် (MAB) နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI) ရုံးများတွင် လျှောက်လွှာများကို ရယူနိုင်ပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ အမှတ် (၁၇)၊ သာယာအေးလမ်း၊ ၃ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့သို့ စက်တင်ဘာလ (၃၀) ရက် နောက်ဆုံးထားကာ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။


Leave a Reply