Avira Antivirus ကို shop.com.mm တွင်ဝယ်ယူနိုင်

Mobile Phone နှင့် PC များပေါ်တွင် Virus များဒဏ်မှ သက်သာကင်းဝေးစေရန် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ် ထားသလို ကမ္ဘာ့နိုင်ငံအများစုတွင် အသိအမှတ်ပြုသုံးစွဲနေသည့် Avira အမှတ်တံဆိပ် Antivirus Software ကို Shop.com.mm တွင် စတင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။

13466513_10153739983580847_8155000151978064282_n

Avira Antivirus Software အား Android နှင့် PC များပေါ်တွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး ဈေးနှုန်းမှာ Android ဖုန်းအတွက် ၄,၀၀၀ ကျပ်၊PC အတွက် Anivirus Pro for PC (1user) ၁၀,၀၀၀ ကျပ်၊ Antivirus Pro for PC (3 users) ၂၂,၀၀၀ ကျပ်၊ Internet Security Suite (1 user 1year) ၁၅,၀၀၀ ကျပ်နှင့် Internet Security Suite (3 users 1) ၃၂,၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်သည်။

အဆိုပါ Software ကို ယခင်က အမြို့မြို့အနယ်နယ်ရှိ ကွန်ပျူတာ၊ မိုလ်ဘိုင်းဖုန်းဆိုင်များတွင် ၀ယ်ယူရရှိနိုင် သလို ယခုအခါတွင် ဝယ်ယူသုံးစွဲသူများ အချိန်ကုန်သက်သာစေရန် ရည်ရွယ်၍ အွန်လိုင်းဝန်ဆောင်မှု တစ်ခုဖြစ် သည့် shop.com.mm ဖြင့် ချိတ်ဆက်ကာ ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။

Avira Antivirus ကို၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစတင်၍ မြန်မာနိုင်ငံ၏ တစ်ဦးတည်းကိုယ်စားလှယ်အနေဖြင့် In Mai Kha Technologies မှ တရားဝင်တင်သွင်းပြီး Excellent Yangon Distribution မှ မြန်မာနိုင်ငံ အနှံ့အပြား ဖြန့်ဖြူး ရောင်းချလျက်ရှိသည်ဟု သိရသည်။

Avira Antivirus နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား သိရှိလိုပါက Avira Facebookpage (သို့) ဖုန်း ၀၉-၇၇၉၉၉၉၁၇၀ နှင့် ၀၉-၇၇၉၉၉၉၁၆၁ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို shop.com.mm ၏ Customer service ဖုန်း၊ ၀၁-၈၆၀၄၃၇၁ နှင့် ၀၁-၅၄၄၄၃၄ သို့လည်း တိုက်ရိုက် မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Internet Journal


Leave a Reply