ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌဦးသိန်းစိန်နှင့်ဇနီးတို့ ဘုရားဆင်းတုတော် (၅၀၀ )ဆူကို မိတ္ထီလာတွင် လှူဒါန်း

 

မိတ္ထီလာမြို့နယ် ဇွန်လ (၁၆)ရက်နေ့တွင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးသိန်းစိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်းမိသားစု မိတ္ထီလာမြို့အသောကာရုံရေလည်ကျောင်းတိုက်
ပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
သိမ်တောင်နိကာယာဓိပတိဆရာတော်ဘုရားကြီး၏
သက်တော် (၈၇)နှစ်မြောက်မွေးနေ့အလှူတော်မင်္ဂလာအဖြစ်
ယနေ့နံနက်က သံဃာတော်ပါး( ၅၀၀) ကို
ဆွမ်းတော်ကြီးလောင်းလှူခဲ့သည့်အပြင် ဘုရားဆင်းတုတော် ၅၀၀ ဆူကို
ကိုယ်တိုင် ပေးအပ်လှူဒါန်းခဲ့သည်။

ဓါတ်ပုံ-U Ohn Myint


Leave a Reply