သောကြာနေ့တွင် ငွေဖြည့်ပါက အင်တာနက် အခမဲ့သုံးနိုင်မည့် အစီအစဉ် MPT စတင်

MPT ဆင်းကတ် အသုံးပြုသူများအနေနှင့် သောကြာနေ့တွင် ငွေဖြည့်ပါက အင်တာနက် အခမဲ့ အသုံးပြုနိုင်မည့် အစီအစဉ်ကို ဇွန်လ (၁၇) ရက်နေ့မှ စတင် မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) က ထုတ်ပြန်သည်။

အဆိုပါ အစီအစဉ်သည် စနေ၊ တနင်္ဂနွေများတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး ဥပမာအနေဖြင့် သောကြာနေ့တွင် ငွေဖြည့်သူ၏ အင်တာနက် အခမဲ့အသုံးပြုခွင့်သည် အပတ်စဉ် တနင်္ဂနွေနေ့တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း MPT ထံမှသိရသည်။

“ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ သုံးစွဲသူတွေဟာ ပိတ်ရက်တွေမှာ မိသားစု၊ မိတ်ဆွေတွေနဲ့ ဆက်သွယ်ဖို့တွေ၊ ပိတ်ရက်ဓါတ်ပုံတွေနဲ့ သူတို့ရဲ့ အတွေ့အကြုံတွေကို လူမှုကွန်ရက် စာမျက်နှာ တွေမှာ ဝေမျှတာတွေအတွက် ပိုမိုသုံးစွဲတယ်လို့ သိထားပါတယ်”ဟု MPT-KSGM (KDDI Summit Global Myanmar Co.Ltd) မှ စီးပွားရေးဌာနအရာရှိ Mr.Koichi Kawase က ပြောကြားသည်။

ကျပ်တစ်ထောင် ငွေဖြည့်ပါက 20 Mbs၊ ကျပ် သုံးထောင်ဖြည့်ပါက 80 Mbs၊ ငါးထောင်ကျပ် ဖြည့်ပါက 150 Mbs၊ ကျပ် တစ်သောင်းနှင့်အထက် ငွေဖြည့်ပါက 400 Mbs အသီးသီး အခမဲ့ အသုံးပြုခွင့် ရရှိမည်ဖြစ်ကြောင်း၊ GSM နှင့် WCDMA အသုံးပြုပြီး ဆွေသဟာ ဝန်ဆောင်မှု ရယူထားသူ အားလုံး ယခုအစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း MPT ၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly


Leave a Reply