ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲက လက်နက်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အလေးအနက်ထား ဆောင်ရွက်ရန် အမေရိကန်ကို တိုက်တွန်း

13411872_1719739334933234_688295280653489120_o

ဂျီနီဗာ ဇွန် ၁၅

အမေရိကန်တောင်ပိုင်း ဖလော်ရီဒါ၌ အစုလိုက်အပြုံလိုက် သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အရာရှိများက လက်နက် ကိုင်ဆောင်မှုနှင့် ပတ်သက်၍ ထိန်းချုပ်မှုများကို အလေးအနက်ထား ဆောင်ရွက်ရန် အမေရိကန်အာဏာ ပိုင်များကို တောင်းဆိုခဲ့သည်။

အင်္ဂါနေ့က ဖော်ပြသည့်ထုတ်ပြန် ချက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Zeid Ra’ ad Hussein ကလက်နက်ထိန်းချုပ်မှုကို လုံလောက်စွာ မဆောင်ရွက်နိုင်ခြင်း ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများကို တားဆီးရန် ပြည်သူလူထုကို ကာကွယ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းမှုများ ဆောင်ရွက်နိုင်ရေးအမေရိကန် အာဏာပိုင်များကို တိုက်တွန်းထားသည်။

အော်လန်ဒိုရှိနိုက်ကလပ်၌ သေနတ် ပစ်ခတ်မှုဖြစ်ပွားရာ ၄၉ ဦးသေဆုံးပြီး ၅၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အမေရိကန်၏ သမိုင်းတွင် အဆိုး ရွားဆုံးသော သေနတ် ပစ်ခတ်မှုပင် ဖြစ်သည်။ ခိုင်မာပြည့်စုံသည့် လက်နက် ထိန်းချုပ်ရေးစည်းမျဉ်း စည်းကမ်းများ မပြဋ္ဌာန်းမီ ကျောင်းသားများနှင့်ဂီတ ပညာရှင်ဘယ်လောက်များများ အသက် ဆုံးရှုံးရဦးမည်နည်း ဟု ၄င်းက မေးခွန်း ထုတ်ခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက အမေရိကန်နိုင်ငံ၌ လက်နက်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အစဉ်တစိုက် ဝေဖန်ခဲ့သည်။

(အင်န်အတ်ခ်ျကေ )


Leave a Reply