ကြံခင်းပြည်ခိုင်ဖြိုး ရေကြီးနစ်မြုပ်ဒေသများတွင် ကူညီရေးလုပ်ငန်းများဆောင်ရွက်

ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးရေချိန်မြင့်တက် လာမှုနှင့် ချောင်းရေလျှံမှုများကြောင့် ယခုလ ၁၁ရက်မှစတင်ပြီး လူနေအိမ်အဆောက်အအုံများသာမက စာသင်ကျောင်းများလည်း ရေကြီးနစ်မြုပ်ခဲ့ရသည်။

ယခုအခါတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်ရာ ကျောင်း သားကျောင်းသူများ အချိန်မီပညာပြန်လည်သင်ကြားနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်အတွင်းရေးမှူး ဦးမျိုးမင်းထွဋ် ဦးဆောင်သော မြို့နယ်ပါတီကော်မတီဝင်များနှင့် ခုံကြီးကျေးရွာအုပ်စုမှ ရပ်/ကျေး ပါတီကော်မတီဝင်များသည် ကြံခင်းမြို့နယ် မီးသတ်တပ်ဖွဲ့၏ အကူ အညီကိုရယူကာ ခုံကြီးကျေးရွာအုပ်စု (အလကမြောင်ကြီး)ရှိ ရေကြီး နစ်မြုပ်စဉ်က တင်ကျန်ခဲ့သောနုန်းနှင့် ရွှံ့ညွန်များကို ဆေးကြော သန့်စင်ပေးခဲ့ကြသည်။

အောင်ဆန်းဝင်း(ကြံခင်း)


Leave a Reply