တက္ကသိုလ်ဝင်တန်းနှင့် IGCSE အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဆွေးနွေးပွဲ များ ပြုလုပ်မည်

တက္ကသိုလ်ဝင်တန်းနှင့် IGCSE အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေး ဆွေးနွေးပွဲ များကို Regent Consultancy Services Co., Ltd မှ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

New Picture (1)

အမေရိကန်တက္ကသိုလ်များသို့ ကျောင်းနှင့် ပညာသင်ဆု လျှောက်ထားပုံများအကြောင်းဆွေးနွေးပွဲကို ဇွန်လ (၁၆) ရက်၊ ညနေ ၃ နာရီတွင်လည်းကောင်း၊ Study Group International Study Center မှ အမေရိကန်ရှိ ကျောင်းဝင်ခွင့်ဆိုင်ရာများနှင့် ပညာသင်ဆု အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိရရှိနိုင်မည့် အခွင့်အရေးများ နှင့်ပတ်သက်၍ ဇွန်လ (၁၇) ရက်၊ ညနေ ၃ နာရီတွင်လည်းကောင်း၊ INTO Study Center နှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ဇွန်လ (၁၈) ရက်၊ ညနေ ၃ နာရီတွင် လည်းကောင်း မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းလျှောက်ထားခြင်း၊ ပညာရေးအတွက် ဆွေးနွေးခြင်းများကို Regent Consultancy Services Co., Ltd ၌ အသီးသီး အခမဲ့ လာရောက်လျှောက်ထား ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲများသို့ တက်ရောက်လိုသူများအနေဖြင့် မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်သော Regent Consultancy Services Co., Ltd, အမှတ် (R-2)၊ အောင်မြေသာစည် အိမ်ရာ ၊ အောင်ချမ်းသာ (၂) လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉ – ၅၀ ၁၉၈၇၀၊ ၀၉ – ၇၈၅၀ ၁၉၈၇၀၊ ၀၉ ၇၃၂၀ ၅၃၃၃ သို့ဆက်သွယ်၍ အခမဲ့ လျှောက်ထား ဆွေးနွေးနိုင်ကြောင်း သိရသည်။


Leave a Reply