အော်လန်ဒို ပစ်ခတ်မှုဖြစ်စဉ်နောက်ပိုင်း ဒေါ်နယ် ထရန့်နှင့် ဟီလာရီတို့ အပြန်အလှန် ပြစ်တင်

Clinton-eyes-November-8-showdown-with-Trump

ဇွန် ၁၄

လူပေါင်းများစွာ သေဆုံးခဲ့ရသော အော်လန်ဒို နိုက်ကလပ် ပစ်ခတ်မှုဖြစ်စဉ် နောက်ပိုင်း အကြမ်းဖက်မှုထိန်းချုပ် ကာကွယ်ရေးနှင့်ပတ်သက်၍ အမေရိကန် သမ္မတလောင်း ပြိုင်ဘက် နှစ်ဦးအကြား အပြန်အလှန် ပြစ်တင်ပြောကြားခဲ့ ကြသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အိမ်ဖြူတော်သို့ ချီတက်ရာလမ်းကြောင်းပေါ်ရောက်နေသော သမ္မတ ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံးသည် အထက်ပါ ပစ်ခတ်မှု ဖြစ်စဉ်နောက်ပိုင်း အကြမ်းဖက်မှုများ မဖြစ်အောင် ထိန်းသိမ်း ကိုင်တွယ်ရေးနှင့် ပတ်သက်၍ မတူညီသည့် သဘောထားအမြင်များဖြင့် အသီးသီး ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

နိုင်ငံအချို့မှ ၀င်လာမည့် ရွှေ့ပြောင်းနေထိုင်သူများကို အသိအမှတ်ပြုသွားမည်မဟုတ်ကြောင်း ရီပတ်ဘလင်ကန် သမ္မတ ကိုယ်လှယ်လောင်း ဒေါ်နယ်ထရန့်၏ ပြောဆိုနေမှုများက အဆိုးဘက်ကိုသာ ဦးတည်သွားစေနိုင်သည်ဟု ဒီမိုကရက်တစ်ဘက်မှ ဟီလာရီ ကလင်တန်က ဇွန်လ ၁၃ ရက်တွင် သတိပေး ပြောကြားလိုက်သည်။

တစ်ဘက်တွင်လည်း ဟီလာရီမှာ အစွန်းရောက် အစ္စလမ္မစ် အကြမ်းဖက်သမာများကို နိုင်ငံတွင်းသို့ အလုံးအရင်းဖြင့် ၀င်ရောက်လာနိုင်မှုအပေါ် ခွင့်ပြုပေးရန် ကြိုးပမ်းနေကြောင်း ဒေါ်နယ်ထရန့်က ပြစ်တင်ပြောကြားသွားသည်။

” ကျွန်တော် အရွေးချယ်ခံရရင်တော့ ကမ္ဘာ့ဒေသတစ်ချို့ကနေ နိုင်ငံထဲကို ၀င်လာကြမယ့် ရွေ့ပြောင်းနေထိုင်သူတွေ ကို တားဆီးသွားမှာပါ၊ ဒီလိုမျိုး အကြမ်းဖက်မှု ဖြစ်စဉ်တွေကို ဘယ်လိုမျိုး ကာကွယ် တားဆီးနိုင်မလဲဆိုတာကို ကျွန်တော်တို့ အပြည့်အ၀ နားမလည်မချင်း အ၀င်ခံသွားမှာ မဟုတ်ပါဘူး” ဟု ထရန့်က ပြောကြားသွားသည်။

၂၀၀၁ စက်တင်ဘာ ၁၁ ဖြစ်စဉ် နောက်ပိုင် အမေရိကန်တွင် အဆိုးရွားဆုံးသော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လာသည့် အော်လန်ဒို ပစ်ခတ်မှုနောက်ပိုင်း အကြမ်းဖက်မှုများဖြစ်မလာအောင် မည်ကဲ့သို့ လုပ်ဆောင်ရမည်နှင့် အမေရိကန်နိုင်ငံသားများကို ဘေးကင်းစေမည်နည်း နှင့်ပတ်သက်၍  သမ္မတ ကိုယ်စားလှယ် လောင်း နှစ်ဦးအကြား အမြင်သဘောထား ကွဲပြားနေခြင်းကို တွေ့မြင် လိုက်ရသည်။

-Ref: CNA / Mizzima


Leave a Reply