DIPD မှ ဖွင့်လှစ်သော မီဒီယာနှင့် ပြည်သူ့ဆက်ဆံရေးသင်တန်းသို့ ပြည်ခိုင်ဖြိုးပါတီမှ သင်တန်းသား (၄ဝ) တက်ရောက်

DIPD1

ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျု (DANISH INSTITUTE FOR PARTIES AND DEMOCRACY -DIPD) ၏ မြန်မာပါတီစုံဒီမိုကရေစီ အစီအစဉ်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီအတွက် မီဒီယာနှင့် ပြည်သူ့ဆက်ဆံရေးသင်တန်း (Media and Public Relation-ship Training) ကို ဇွန်လ (၁၀) ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလ လမ်းနှင့် (၃၁)လမ်းထောင့် ၁ဝ လွှာ အမှတ် ၄၅၈၊ ၄၆ဝ၊ အခန်း ၁ဝ-စီ၌ ဖွင့်လှစ်ခဲ့သည်။

ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျု (DIPD)မှ Mr.Jeremy Liebowitz က ပါတီ များနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျု (DANISH INSTITUTE FOR PARTIES AND DEMOCRACY -DIPD) မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ နိုင်ငံရေးပါတီ များက ပြည်သူလူထုထံ ပေးပို့ရမည့် ထိရောက်သော သတင်းစကားများနှင့် အိန္ဒိယနှင့် အမေရိကန် ရွေးကောက်ပွဲတွင် အသုံးပြုနေသော လူမှုကွန်ရက် တွင် ဖော်ပြသော သတင်းစကားများ၊ ဦးတည် ပစ်မှတ်ထားခြင်းအကြောင်းကို လည်းကောင်း၊ မြန်မာသတင်အေဂျင်စီ မှ ဒေါ်မေသင်္ကြန်ဟိန်က သတင်းမီဒီယာနှင့် သတင်းမီဒီယာသမားများအတွက် နိုင်ငံရေးပါတီမှ ဆောင်ရွက်ပေးရမည့် မီဒီယာ အကြံပြုချက်များ (Media Advisories)နှင့် သတင်းထုတ်ပြန်ချက်များအကြောင်းကိုလည်းကောင်း၊ The Voice သတင်းစာမှ အယ်ဒီတာ သီရိဇော်က သတင်းတန်ဖိုးနှင့် သတင်းမီဒီယာ သမားများနှင့် နိုင်ငံရေးပါတီမှ တာဝန်ရှိသူများ မတွေ့ဆုံမီ၊ အင်တာဗျူး လုပ်ငန်း မဆောင်ရွက်မီ ကြိုတင်ဆောင်ရွက်ထားရမည့် အချက်အလက် များအကြောင်းကိုလည်းကောင်း အသီးသီး ဆွေးနွေးပို့ချခဲ့ကြသည်။

ယင်းနောက် နိုင်ငံရေးပါတီများမှ သတင်းထုတ်ပြန်ချက်နှင့် သတင်းစာ ရှင်းလင်းပွဲကျင်းပခြင်း၊ ဆိုရှယ်မီဒီယာအသုံးပြုခြင်း၊ နိုင်ငံရေးပါတီများ အတွက် မီဒီယာနှင့် ပြည်သူ့ဆက်ဆံရေးအခန်းကဏ္ဍ ဖော်ဆောင်ရာတွင် မဟာဗျူဟာမြောက် ဆက်ဆံရေး အစီအစဉ်ရေးဆွဲခြင်းစသည့် သင်ခန်းစာ များ ကို DIPD ပို့ချဆွေးနွေးခဲ့သည်။

တက်ရောက်လာသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ သင်တန်းသားများက ၂ဝ၁၅ရွေးကောက်ပွဲကာလ ကြုံတွေ့ခဲ့ရ သည့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ ဘက်လိုက်ဖော်ပြခဲ့ မှုကို အခြေခံကာ လာမည့်ရွေးကောက်ပွဲများတွင် မီဒီယာဘက်လိုက်မှု မရှိရေး ဆောင်ရွက်ရမည့် အချက်များအကြောင်း မေးမြန်းဆွေးနွေးခဲ့ ကြသည်။

အဆိုပါသင်တန်းအား DIPD မှ ဇွန်လ (၉) ရက်နှင့် (၁ဝ) ရက် နှစ်ရက် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး တိုင်းဒေသကြီး၊ ပြည်နယ် ပြည်ခိုင်ဖြိုးပါတီများမှ သင်တန်းသား (၄ဝ) တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုးမင်းသန်း


Leave a Reply