Apple ၏ WWDC 2016 တွင် iOS 10 အပြင် OS X ၊ Watch OS နှင့် tvOS အသစ်များအား ပြသမည်ဟု သတင်းထွက်ပေါ်

နှစ်စဉ်နည်းပညာလောကအား လှုပ်ခတ်စေခဲ့သော WWDC 2016 အား ဇွန်လ ၁၃ ရက် နေ့တွင် အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကို ၌ကျင်းပမည်ဖြစ်ကြောင်း Cnet သတင်းဌာနတွင် ဖော်ပြထားသည်။

wwdc

World Wide Developer Conference ဖြစ်သည့်အတွက် ကမ္ဘာအရပ်ရပ်မှ Apple ၏ Operating System နှင့် ပက်သက်သည့် Developer များတက်ရောက် မည်ဖြစ်ပြီး Operating System အသစ် (၄) မျိုးအား Apple မှပြသကြေညာမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပွဲ၌ Developer များအချင်းချင်း Operating System များမှ လိုအပ်သည့် အချက်အလက်များအား ဆွေးနွေးမည်ဖြစ်ကြောင်း အထက်ပါသတင်းဌာနတွင် ဖော်ပြထားသည်။

ယင်းပြပွဲတွင် iOS 10 နှင့်ပက်သက်၍ Siri ၏ လုပ်ဆောင်ချက်အသစ် အချို့အပြင် အသွင်အပြင်ပြောင်းလဲမှုများ၊ Apple Music အား ယခင် iOS 9 ထက်ပိုမို ကောင်းမွန်အောင်ပြုလုပ်ထားကြောင်း ကောလဟလသတင်းအဖြစ် ထွက်ပေါ်လျက်ရှိသည်။

WWDC တွင် ပြသကြေညာပြီးသော Software အသစ်များအား Beta အဆင့်အဖြစ် အသုံးပြုသူများ စမ်းသပ် နိုင်ရန် ကနဦးထုတ်လုပ်ပေးမည်ဖြစ်ပြီး အသုံးပြုရန် အဆင်သင့် အနေအထားရရှိမှသာ တရားဝင် ထုတ်လုပ်ပေး မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲအား အွန်လိုင်းမှတဆင့် တိုက်ရိုက်ကြည့်ရူနိုင်ရန် ပြုလုပ်မူများရှိသည့်အပြင် အွန်လိုင်းမှ စာဖြင့် တိုက်ရိုက်ဖော်ပြခြင်းများလည်း နည်းပညာ ၀က်ဘ်ဆိုက်များတွင် ပြုလုပ်လျက်ရှိကြောင်း Cnet သတင်းဌာနတွင် ဖော်ပြထားသည်။

Ref: Cnet


Leave a Reply