နွားထိုးကြီးပြည်ခိုင်ဖြိုးပါတီ မြို့နယ်အဆင့် မျက်နှာစုံညီ ကျင်းပမည်

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဦးဆောင်မှုနှင့် အောက်ခြေပါတီ မျက်နှာစုံညီအစည်းအဝေးများ မေလဆန်းမှ စတင်ကျင်းပ နေရာ ယခုအခါကျေးရွာ၊ ရပ်ကွက် (၇၂) အုပ်စု၌ ပြီးစီးနေပြီဟု မြို့နယ်ပါတီကော်မတီ အတွင်းရေးမှူး ဦးစိုးနိုင်ဝင်းက ပြောသည်။

မြို့နယ်အဆင့်မျက်နှာစုံညီအစည်းအဝေးကို ယခုလအတွင်း ကျင်းပနိုင်ရန်စီစဉ်နေပြီး ကျေးရွာ၊ ရပ်ကွက်မှ ပါတီကိုယ်စားလှယ် (၇၂) အုပ်စုမှ နှစ်ဦးစီ ပါတီဝင် (၁၄၄) ဦး တက်ရောက် ကြမည်ဟု သိရသည်။

မြို့နယ်မျက်နှာစုံညီအစည်းအဝေးမှ မြို့နယ်အဆင့် ပါတီကော်မတီကို ရွေးချယ်ပေးမည်ဖြစ်ပြီး နွားထိုးကြီးနယ် ပြည်ခိုင်ဖြိုးပါတီတွင် ပါတီကော်မတီဝင် နှစ်ဦးလစ်လပ်နေသည်ဟု ဆိုသည်။

ဌေးမြင့်မောင်(နွားထိုးကြီး)


Leave a Reply