သဘာဝနည်းဖြင့် အဆီချနည်း

 

ခန္ဓာကိုယ် ၀လာ၍သော်၎င်း၊ အဆီများလာ၍သော်၎င် လေ့ကျင့်ခန်း လုပ်စရာမလိုပဲ အဆီကျလိုပါလျှင် အောက်ပါသဘာဝဆေးနည်းကို အသုံးပြုနိုင်ကြပါသည်။

ဆေးအဖြစ် ပြုလုပ်ပုံ-

၁။ သံပုရာသီးတစ်လုံးကို ရေစင်အောင်ဆေးပြီး အခွံနှင့်အတူ အကွင်းလိုက်ဖြစ်အောင် လှီးလိုက်ပါ။

၂။ ရေနွေးခွက်တစ်ခွက်ထဲကို ၄င်းသံပုရာသီးကွင်းများထည့်လိုက်ပါ။

၃။ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်လိုက်ပါ။

၎။ ရေနွေးပူပူ ထည့်ပြီး အဖုံးအုပ်ကာ နာရီဝက်ခန့် နှပ်ထားလိုက်ပါ။

၅။ ရေနွေးများ အေးသွားပါက ၄င်းပျားသံပုရာရေနွေးကြမ်းကို
သောက်ပါ။

အချဉ်ဓါတ်နှင့်အခါးဓါတ်များ မကုန်မချင်း ရေနွေး ၂ ခါ၊ ၃ ခါခန့် ထပ်ထည့်ပြီး
သောက်ပေးနိုင်ပါတယ်။ နေ့၊ ည၊ မနက် ကြိုက်သည့်အချိန်
သောက်နိုင်ပါတယ်။ တစ်ပတ်ကို ၃ ရက်ခန့် သောက်ပေးနိုင်ပါတယ်။

အခွံထဲမှ အခါးဓါတ်က အဆီများကို လျှော့ချပေးနိုင်ပါတယ်။ သွေးတိုးကို ကျစေနိုင်ပါတယ်။ သံပရာရည်နှင့် ပျားရည်ကတော့ ခွန်အားကိုဖြစ်စေပါတယ်။

ပျားရည်နှင့် သံပရာသီး၏အစွမ်းကြောင့် ၀မ်းကို ပုံမှန်ဖြစ်စေပြီး အသားအရေကိုလည်း ကြည်လင်စေပြီး လှပစေပါတယ်။ အစာလည်းကြေစေသည့်အတွက် ကျန်းမာဖွံ့ဖြိုး အလှတိုးစေပါတယ်။

မောပမ်းနွမ်းနယ်မှုများကိုလည်း ပြေပျောက်စေပါတယ်။ ခေါင်းမူး ခေါင်းနှောက်သူများ မကြာခဏ သောက်ပေးပါ။ ခေါင်းရှင်းသွားစေပြီး စိတ်ကိုလည်း လန်းဆန်းလာစေပါတယ်။

လူတိုင်း ကျန်းမာဖွံ့ ဖြိုး အလှတိုးနိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)


Leave a Reply