အင်္ဂလန် ၀ါရင့်ကွင်းလယ်လူ ကာရစ်ကို မန်ယူအသင်း တစ်နှစ် သက်တမ်းတိုး

13419097_1725087434410807_2760603416726908756_n

မန်ယူအသင်းသည် အသက်(၃၄)နှစ်အရွယ်ရှိ အင်္ဂလန် ၀ါရင့်ကွင်းလယ်လူ ကာရစ်ကို တစ်နှစ်သက်တမ်း တိုးလိုက်ကြောင်း သိရသည်။

ကာရစ်သည် ၂၀၀၆ ခုနှစ်က စပါးအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ်ဖလား (၅)ကြမ်၊ FA ဖလား (၁)ကြိမ်၊ လိဂ်ဖလား (၁)ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၁)ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား (၁)ကြိမ် ရယူနိုင်ခဲ့သည်။

ကာရစ်က (၁၀)နှစ်တာ ဖြတ်သန်းခဲ့သည့် မန်ယူအသင်းမှာ သူ၏ဘ၀ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အသင်းနှင့် တစ်နှစ်သက်တမ်းတိုးနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။

Photo: manutd


Leave a Reply