ဝိုင်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ပြန်လည်ရွေးချယ်ရေး စည်းဝေး

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ ဇွန်လ (၉) ရ် နေ့လည် (၁) နာရီအချိန်က မြို့နယ်ပါတီအလုပ် အမှုဆောင်များ ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ပါတီကော်မတီဝင် ဦးချစ်ဦး ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင်များ၊ အရံပါတီကော်မတီဝင် များ ရွေးချယ်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရွေးချယ်ရေးကောမတီအဖွဲ့ဝင်များဖြစ်ကြသည့် ခရိုင်ပါတီ ကော်မတီဝင် ဦးဟောင်းဂျုံး၊ အရာထမ်းဟောင်း ဦးကျင်လှ၊ မြို့မိမြို့ဖ ဦးကျော်ငြိမ်းနှင့် ဦးအောင်မြတ်ကျော်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးကျော်ကျော်အောင်၊ ပါတီဝင်ဟောင်း (၂) ဦး၊ ကြီးကြပ်ရေး ကော်မတီ ၀င်များ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ပါတီကော်မတီဝင် (၁၄) ဦး၊ အရံကော်မတီဝင် (၁၆) ဦးအား စနစ်တကျ လူမျိုးအလိုက်၊ ဒေသအလိုက်၊ ပညာအရည်အချင်းအလိုက် ရွေးချယ်ခဲ့ကြပြီး မြို့နယ်ပါတီညီလာခံအား ဇူလိုင် (၁) ရက်နေ့တွင် ကျင်းပရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply