ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဧရာဝတီတိုင်းဒေသကြီးပါတီ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး ညှိနှိုင်းအစည်အဝေး တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဧရာဝတီတိုင်း ဒေသကြီးပါတီ နာယက ဗဟိုကော်မတီဝင် ဦးတင်စိုးတို့နှင့်အတူ ဇွန်လ (၇)ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး ညောင်တုံး မြို့နယ်၊ ဗိုလ်မြတ်ထွန်းတံတား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရိပ်သာ၌ ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ရှေးဦးစွာ ဗဟိုအလုပ်အမှုဆောင် ဧရာဝတီတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးသိန်းအောင်က အစည်းအဝေး ခေါ်ယူရခြင်းနှင့် ပတ်သက်၍ ပဏာမရှင်းလင်းတင်ပြသည်။

၎င်းနောက် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက အဖွင့်အမှာစကား ပြောကြားရာ တွင် ပါတီပြန်လည်ပြင်ဆင် ဖွဲ့စည်းရေးနှင့်ပက်သက်၍ ရွေးချယ်ရာတွင် ပါတီဝင်ဖြစ်ပြီး ပေးအပ်သည့် တာဝန်များကို လိုလိုလားလားရှိသူ၊ ကိုယ်တိုင် ဆန္ဒသူများဖြစ်ရန် ပါတီဝင်များမှလည်း လက်ခံသူဖြစ်ရန်၊ ပြည်သူများမှ လည်း လက်ခံသူဖြစ်ရန်၊ ယုံယုံကြည်ကြည်နှင့် လုပ်မည့်သူများကို ရွေးချယ် ကြရန်လိုကြောင်း၊ ပါတီအပေါ်သစ္စာရှိသူ၊ သံယောဇဉ်ရှိသူများ ဖြစ်ရန် လိုကြောင်း၊ ရွေးချယ်ရေးကော်မတီများအနေဖြင့် သေချာစဉ်းစားစိစစ် ရွေးချယ်ကြရန်၊ ကျယ်ပြန့် စွာ လေ့လာဆောင်ရွက်ကြရန်မိမိတို့ မသိနိုင်သည့်အချက်များကို သိနိုင်သည့် ရပ်မိရပ်ဖများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေးကြရန်လိုကြောင်း၊ မည်သည့်အဆင့်အတွက်ရွေးရွေး၊ ပါတီအတွက်သာ ကြည့်ရန်လိုကြောင်း၊ ပါတီအနေနှင့် အမြဲရှင်သန်နေရမည် ဖြစ်ကြောင်း၊ လုပ်ချင်စိတ်ရှိသူ၊ လုပ်နိုင်မည့်သူများကို ရွေးချယ်ကြရန် ပါတီ ရှင်သန်ခိုင်မာရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားပါသည်။

ထို့နောက် ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းအောင် က အမှာစကားပြောကြားပြီး နာယက ဗဟိုကော်မတီဝင် ဦးတင်စိုးက အမှာစကားပြောကြားသည်။

ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ပါတီပြန်လည်ပြင်ဆင် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပါသည်။

ထို့နောက် တိုင်းပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့်က ပါတီဌာနချုပ်၏ ညွှန်ကြားချက်များအား ရှင်းလင် တင်ပြကာ တိုင်းပါတီကော်မတီဝင်များ၊ ပါတီအရန်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီ အတွင်းရေးမှူးများက တင်ပြဆွေးနွေးကြသည်။

၎င်းနောက် အထွေထွေကိစ္စရပ်များဆွေးနွေးကြပြီး ဗဟိုအလုပ်အမှုဆောင် တိုင်းဒေကြီးပါတီဥက္ကဋ္ဌ ဦးသိန်းအောင် က နိဂုံးချုပ်စကားပြောကြားသည်။
ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ရွေးချယ်ရေးကော်မတီများ အနေဖြင့် အချိန်ယူပြီးရွေးကြရန် လူမှန် နေရာမှန်ဖြစ်ရန်၊ ပါတီ အကျိုး အတွက် ကြည့်ရန် နိဂုံးချုပ်စကား ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ပါတီအရန်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ပါတီအတွင်းရေးမှူးများ အင်အား(၇ဝ) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply