နာမည်ကျော် Sistar ကေပေါ့ပ်အဖွဲ့ ပါဝင်ဖျော်ဖြေမည့် ဖျော်ဖြေပွဲကို ရန်ကုန်မြို့တွင်ပြုလုပ်မည်

နာမည်ကျော် Sistar ကေပေါ့ပ်အဖွဲ့ ပါဝင်ဖျော်ဖြေမည့် ဖျော်ဖြေပွဲကို   ရန်ကုန်မြို့တွင် ဇွန်လအတွင်း    ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်ရောင်းချရန် အစီအစဉ်မရှိကြောင်း ယင်းဖျော်ဖြေပွဲ ကို စီစဉ်သည့် Tiger Fate အဖွဲ့ CEO မစ္စတာ Tiger Jeoung က ပြောကြားသည်။

အဆိုပါဖျော်ဖြေပွဲတွင် Sistar အဖွဲ့နှင့်အတူ Monsta X အဖွဲ့၊ So Chan Whee ၊ Badkiz အဖွဲ့နှင့် Apera အဖွဲ့တို့ပါဝင် ဖျော်ဖြေမည်ဖြစ်ပြီး INNO CITY Love Sharing Concert အမည်ဖြင့် ဇွန်လ (၁၁) ရက်တွင် Myan-mar Event Park ၌ ပြုလုပ်မည်ဖြစ်သည်။

ယင်းဖျော်ဖြေပွဲကို INNI GROUP က ၎င်းတို့၏ ကုမ္ပဏီ (၁၀)နှစ်ပြည့် နှစ်ပတ်လည်အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး ယင်းကုမ္ပဏီ၏ မိတ်ဖက်ကုမ္ပဏီများအား ဖိတ်စာများဖိတ်ကြား၍ အလှူငွေကောက်ခံရန် အစီအစဉ်ရှိသည်ဟု ၎င်းက ပြောသည်။

ယင်းဖျော်ဖြေပွဲမှ ရရှိလာသည့် အလှူငွေအားလုံးကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ လှူဒါန်းမည်ဖြစ်ပြီး လာရောက်ကြည့်ရှုလိုသည့် ကေပေါ့ပ်ပရိသတ်များအတွက်လည်း ရန်ပုံငွေသတ်မှတ်၍ ဖိတ်စာများပေးပို့နိုင်ရန် ဆွေးနွေးမှုများပြုလုပ်နေသည်ဟု မစ္စတာ Tiger Jeoung က ပြောသည်။

အလှူပွဲဖြစ်သောကြောင့် လက်မှတ်ရောင်းချရန် အစီအစဉ် မရှိဘဲ တစ်နိုင်ငံလုံးမှ ပရိသတ်များအတွက် Channel 7 ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသရန် အစီအစဉ်ရှိကြောင်း သိရသည်။

www.phothutaw.com


Leave a Reply