တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း Website နှင့် Facebook တွင် ကြေညာမည်

၂၀၁၆ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၀က်ဘ်ဆိုက်ဖြစ်သော www.myanmarexam.org နှင့် ပညာရေးဝန်ကြီးဌာန၏ ဖေ့စ်ဘွတ်ခ်တို့တွင် ပြည်နယ်နှင့်တိုင်းဒေသ ကြီးများ၏ စာစစ်ဌာနအလိုက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

‘‘အဲဒီဝက်ဘ်ဆိုက်မှာ ဇွန်လ ၁၁ ရက် နံနက် ၆ နာရီမှာ စကြည့်လို့ရပြီ။ တိုင်းနဲ့ပြည်နယ် ၁၅ ခုက အောင်စာရင်းတွေကို တက်လာမယ်။ နိုင်ငံခြား စာစစ် ဌာနတွေအတွက်က ရန်ကုန်တိုင်းမှတစ်ဆင့် ၀င်ကြည့်လို့ရမယ်’’ ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောကြား သည်။

ပညာရေးဝန်ကြီးဌာန၏ facebook စာမျက်နှာဖြစ်သည့် www.facebook.com/moe.gov.mm/ timeline တွင် သက်ဆိုင်ရာ မြို့နယ်အလိုက် အောင်စာရင်းများကို ဓာတ်ပုံများဖြင့် ဖော်ပြမည်ဖြစ်ပြီး ဇွန်လ (၁၁) ရက်၌ စတင်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

၂၀၁၆ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ (၁၁) ရက်နံနက် (၆) နာရီတွင် သက် ဆိုင်ရာ စာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးများ၌ တစ်ပြိုင်တည်း ကြေညာမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားသည်။


Leave a Reply