ကွမ်းယာရောင်းသူမှစ လုပ်ငန်းရှင်ကြီးများအထိပါဝင်သည့် ရှယ်ယာရှင်စုပေါင်း၍ မကွေးဂျာနယ် စတင်ထုတ်ဝေ

အစုရှယ်ယာရှင်များဖြင့် စုပေါင်းထုတ်ဝေသော မကွေးဂျာနယ်ကို
ဇွန်လ ၁၀ရက်တွင်စတင်ဖြန့်ဝေလိုက်ကြောင်း စီစဉ်သူများက
ပြောကြားလိုက်သည်။
မကွေးဂျာနယ်တွင် သတင်းဆောင်းပါးများကိုသာဦးစာပေးပြီး ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှု ၊ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော အကျပ်အတည်း၊အစိုးရသစ်ရင်ဆိုင်ကြုံတွေ့နိုင်သောပြဿနာစသည်များကို ဦးစားပေးဖော်ပြကြောင်း
အယ်ဒီတာချုပ်မှပြောသည်။
”ကျနော်တို့ အဓိကအနေနဲ့ ကျင့်ဝတ်ကို လိုက်နာပါတယ်။ လွတ်လပ်ရမယ်၊မျှတရမယ်၊ ကြောက်ရွံ့မှုကင်းရမယ်ဆိုတာ မူပါ
ပြည်သူအတွက်အလေးထားဖော်ဆောင်ပေးဖို့ ရပ်တည်ထားပါတယ်”ဟုတာဝန်ခံအယ်ဒီတာမှဖြေကြားသည်။
ဂျာနယ်မူဝါဒအရကိုက်ညီသော သတင်းပေးပို့ချက်များကိုသာရွေးချယ်မည်
ဖြစ်ပြီး သတင်းခိုင်မှု နှစ်ဘက်အသံမပါပါက အသုံးမပြုကြောင်းရှင်းပြသည်။
ရှယ်ယာရှင်များ၏စည်းကမ်းချက်တွင်လည်း လွှဲပြောင်းရောင်းချခွင့်မရှိ ၊ရောင်းချလိုပါက၊၆လပြည့်စာရင်းရှင်းချိန်တွင် အဖွဲ့၏သဘောတူညီမှုဖြင့်သာရောင်းချခွင့်ရှိသည်ဟုပြောသည်။
တစ်လလှင်သုံးကြိမ်ထုတ်ဝေမည်ဖြစ်ပြီး၁၀ရက်တစ်ကြိမ် ထုတ်ဖြစ်သည်။
ရှယ်ယာရှင်များတွင် အခြေခံလူတန်းစား ကွမ်းယာရောင်းသူမှစ
လုပ်ငန်းရှင်ကြီးများ၊အသင်းအဖွဲ့များစသဖြင့်ပါဝင်သည်။
တစ်ဦးတစ်ယောက်၏ ချုပ်ကိုင်မှုကင်းပြီး
အဖွဲ့၏ဆုံးဖြတ်ချက်ဖြင့်သာ ကဏ္ဍခွဲ၍ လုပ်ဆောင်ကြကြောင်း
အုပ်ချုပ်မှု အယ်ဒီတာ ဦးအောင်လွင်က ရှင်းပြခဲ့ပါသည်။
မကွေးဂျာနယ်ကို အစုရှင်၄၀ဦးဖြင့် တစ်စုလျှင် ၅၀၀၀၀ သတ်မှတ်ပြီး
အစုပေါင်း၂၅၀သာရောင်းချထားကြောင်းသိရသည်။
အဖွဲ့ကို ဒါရိုက်တာအဖွဲ့၊ရှယ်ယာရှင်အဖွဲ့နှင့်သတင်းပိုင်းဟူ၍ခွဲခြားထားသည်။


Leave a Reply