ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် စင်္ကာပူနိုင်ငံ ၀န်ကြီးချုပ် လီရှန်လုံးနှင့် ဇနီးတို့အား လက်ခံတွေ့ဆုံ

_DSC6927

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်သည် စင်္ကာပူနိုင်ငံ ၀န်ကြီးချုပ် မစ္စတာလီရှန်လုံးနှင့် ဇနီးတို့အား ယနေ့ ( ၈-၆-၂၀၁၆) နေ့လည် (၁) နာရီ (၁၅) မိနစ်အချိန်က နေပြည်တော် ပတ်ရွိုင်ရယ် ဟိုတယ် ပတ္တမြားခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။

_DSC6937

တွေ့ဆုံပွဲသို့ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့်အတူ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင် သိန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဦးခင်ရီနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

????????????????????????????????????

ထိုသို့တွေ့ဆုံရာတွင် ယခင်ပုဂ္ဂိုလ်ရေးရင်းနှီးမှုနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ လာရောက်တွေ့ဆုံခြင်းအား ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ပြည်တွင်းအလုပ်အကိုင်ရရှိရေး အတွက် မြန်မာနိုင်ငံတွင် အသက်မွေးမှုပညာ လေ့ကျင့်ရေးဌာနတစ်ခု တည်ဆောက်နိုင်ခဲ့၍ မြန်မာနိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအား ဆက်လက်တိုးမြှင့် ဆောင် ရွက်ပေးစေလိုပါကြောင်းနှင့် လက်ရှိမြန်မာနိုင်ငံအစိုးရနှင့် စင်္ကာပူနိုင်ငံအစိုးရတို့ ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှု များအား တိုးမြှင့်ဆောင်ရွက်စေလိုပါကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။


Leave a Reply