မလေးရှားရောက် မြန်မာလုပ်သားများ အခွင့်အရေး ချိုးဖောက်ခံရပါက သက်ဆိုင်ရာ သံအရာရှိများထံ တိုင်ကြားနိုင်ကြောင်း သံရုံးထုတ်ပြန်

မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားရေးရာ ပြဿနာများ၊ မတရားလုပ်ခ လစာဖြတ်တောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ ရှိပါက အလုပ်သမား သံအရာရှိများထံ ဖုန်းဖြင့်သော် လည်းကောင်း၊ ကိုယ်တိုင်သော် လည်းကောင်း တိုင်ကြားနိုင်ပြီး ငွေကြေး၊ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ ပေးရန်မလိုကြောင်း ထုတ်ပြန်ချက် တစ်ရပ်ကို ဇွန် ၇ ရက်က ထုတ်ပြန်ခဲ့သည်။

အလုပ်သမား သံအရာရှိများမှ လိုအပ်၍ လာရောက် ကွင်းဆင်းဖြေရှင်းသည့် ကိစ္စရပ်များတွင် မိမိအစီအစဉ်ဖြင့်သာ လာရောက် ဖြေရှင်းမည်ဖြစ်ကြောင်း၊ အလုပ်သမားများအနေဖြင့် မည်သည့် အခကြေးငွေ တစ်စုံတစ်ရာမျှ ပေးရန်မလိုကြောင်း အသိပေးထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အလုပ်သမားခေါ်စာများ လာရောက်တင်ပြ၍ ထောက်ခံချက် ယူရာ တွင်လည်း မည်သည့်အခကြေး ငွေမျှပေးရန် မလိုကြောင်း ပါရှိသည်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် လူ့အခွင့်အရေး၊ အလုပ်သမား အခွင့် အရေး ချိုးဖောက်ခံရမှုများရှိနေပြီးအဆိုပါ ကိစ္စရပ်များအား သက်ဆိုင်ရာ သံရုံးများက ဖြေရှင်းပေးရန် နှောင့်နှေးမှုများ ရှိခဲ့ကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။

Eleven


Leave a Reply