မြန်မာနိုင်ငံရေး သတင်းအချက်အလက် မဏ္ဍိုင် ဝက်ဘ်ဆိုက် မိတ်ဆက်ပွဲ ကျင်းပမည်

ပြည်သူလူထုနှင့်အားလုံးသော ပါဝင်ပတ်သက်သူများအတွက် လို အပ်လျက်ရှိသည့် သတင်းအချက် အလက်များကို ထိရောက်အကျိုးရှိ စွာဖြန့်ဝေပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရေး သတင်းအချက် အလက် မဏ္ဍိုင်ဝက်ဘ်ဆိုက် မိတ်ဆက်ခြင်း အခမ်းအနားကို ယခုလ (၁၁) ရက် ၌ အင်းလျားလိတ် ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဝက်ဘ်ဆိုက်အနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူလူထုနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ပါဝင်သက်ဆိုင်သူများအတွက် ကောင်းမွန်စွာ ပိုင်းခြားစိတ်ဖြာထားကာ ရပ်တည် ချက်မှန်ကန်၍ ဘက်မလိုက်သည့် သတင်းအချက်အလက်များ ဖြန့်ဝေပေးရန် အခန်းကဏ္ဍကိုတာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံရေး သတင်းအချက်အလက်မဏ္ဍိုင်သည် နိုင်ငံသားများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ နိုင်ငံရေးတွင် ပူးပေါင်းပါဝင်မှု မြင့်တက်လာစေရေးဟူသော အဓိကရည်ရွယ်ချက် နှင့်အတူ အထောက်အထားခိုင်လုံ မှန်ကန်သည့်မူဝါဒရေးရာဖော်ဆောင် မှုလုပ်ငန်းစဉ်အတွက် ခိုင်မာသည့် သတင်းအချက်အလက်များ ပေးဝေခြင်းအားဖြင့် အထောက်အကူပြုနိုင်ရန် သတင်း အချက်အလက် ဝက်ဘ်ဆိုက်တစ်ခုကို ဝါရှင်တန် တက္ကသိုလ်နှင့် ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ် ကြောင်းသိရသည်။

ယင်းဝက်ဘ်ဆိုက်ကို ယခုလလယ်ခန့်တွင် စတင်လွှင့်တင်တော့မည်ဖြစ်ပြီး လက်ရှိ၌ ဝက်ဘ်ဆိုက် အတွက် အထွေထွေဒီဇိုင်းဆင်ခြင်း လုပ်ငန်းစဉ်ပြီးမြောက်၍ ဝက်ဘ်ဆိုက် တည်ဆောက်ခြင်း ပထမ အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရေး သတင်းအချက် အလက်မဏ္ဍိုင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Union Daily


Leave a Reply