သံတွဲပြည်ခိုင်ဖြိုး ပါတီညီလာခံကျင်းပရေး ညှိနှိုင်းစည်းဝေး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီညီလာခံ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ရပ်/ကျေး ပါတီခေါင်းဆောင်များ ကတိသစ္စာ ခံယူပွဲ အခမ်းအနားကို (ဇွန်လ ၇) ရက် နေ့လည် (၁၂) နာရီအချိန်က သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းနားသဘာပတိအဖြစ် ပြည်နယ်ပါတီ ကော်မတီဝင် ဦးတင်မောင်သန်းနှင့် အဖွဲ့ဝင်များအဖြစ် ခရိုင်ပါတီအတွင်းရေးမှူး ဦးစိုးစိုးအောင်၊ ဘဏ္ဍာရေးမှူး ဒေါ်ဝင်းမင်း မာထွန်း တို့ကဆောင်ရွက်ကာ သဘာပတိက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်က ညီလာခံကျင်းပရခြင်း ရည်ရွယ်ချက်၊ ပါတီဝင် အဆင့်ဆင့်၏ အရည်အချင်း သတ်မှတ်ချက်များအား အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

စဓဗဝ


Leave a Reply